6 Minutes To Read

အာဏာသိမ်းအပြီး မြန်မာပြည် အင်တာနက် – အန္တရာယ်နှင့် အခြား ရွေးချယ်စရာများ

6 Minutes To Read
  • English
  • ရှိုနာလွန်း မှ  အာဏာသိမ်းအပြီး မြန်မာပြည်၏ ဒစ်ဂျစ်တယ် ယဉ်ကျေးမှု့အပေါ် သုံးသပ်ဆွေးနွေးသူ သုံးဦး ၏ ထင်မြင်ချက်ကို အကျဉ်းချုပ် ကောက်နှုတ်တင်ပြထားပါသည်။

    ယခု ပို့စ် မူရင်းကို ၂၀၂၁ ဇူလိုင်လ ၂၉  ရက်တွင် ထုတ်ဝေခဲ့ပါသည်။ အင်္ဂလိပ်ဘာသာဖြင့်ဖတ်ရန် ဒီမှာကြည့်ပါ။

    ၂၀၂၁ ဖေဖေါ်ဝါရီလ (၁)ရက် နေ့မှစ ၍ မြန်မာ စစ်တပ်သည် နိုင်ငံအတွင်းအင်တာနက်သုံးစွဲမှု့ကို ရုတ်ချည်း ပိတ်ပင် ခဲ့ပါသည်။ စစ်အုပ်စုမှ မည်သည့်ဖိနှိပ်မှုနည်းလမ်းများအသုံးပြုခဲ့ပါသလဲ ၊ သူတို့အောင်မြင်ခဲ့ပါသလား နည်းပညာ ဆိုင်ရာ ကုမ္ဗဏီများ နှင့် ထည့်ဝင်လှူဒါန်းသူ များက အာဏာသိမ်းအပြီး မြန်မာပြည်တွင် ပေါ်ထွန်း လာသည့် ဒီဂျစ်တယ်ယဉ်ကျေးမှု့ကိုမည်သို့တုန့်ပြန် ကြပါသလဲ  ယခုထင်မြင်သုံးသပ်ချက် သည် အင်တာနက် အသုံးပြုပုံ နှင့် အရပ်ဖက် လူ့အဖွဲ့အစည်းတော်လှန်ရေး ၏ အဓိကနယ်ပယ်များ အကြောင်းကို  RightsCon 2021 တွင် သုံးသပ်ဆွေးနွေးသူ (၃)ဦး ၏ ဆွေးနွေးချက်များ ပေါင်းစည်း တင်ပြထား ခြင်းဖြစ်ပါသည်။  ဆွေးနွေးပွဲ ကို ဒစ်ဂျစ်တယ်လုံခြုံရေးသုတေသန၊လေ့ကျင့်သင်ကြားရေးနှင့် အားလုံးအတွက် ပိုမိုကောင်းမွန်သောဒစ်ဂျစ်တယ်အနာဂါတ်  ဖြစ်လာစေရန်မြေတောင်မြှောက် ပေး သည့် ကနေဒါနိုင်ငံ အကျိုးအမြတ်မယူသောအဖွဲ့အစည်း SecDev Foundation မှလက်ခံကျင်းပပေး ခဲ့ပါသည်။

    “သူတို့တရားဝင်ဖြစ်တည်ရေးအတွက် ကြိုးစား ရာမှာ အင်တာနက် က အသက်တမျှအရေးကြီးတယ်ဆိုတာ စစ်တပ်က ကောင်းကောင်းသိပါတယ်” ဟု သုတေသီနှင့် တသီးပုဂ္ဂလအကြံပေးဖြစ်သူ  အဲလက်စ် အောင်ခန့် ကပြော ကြားသည်။ အဲလက်စ်နှင့်အတူ ဒစ်ဂျစ်တယ် အခွင့်အရေးလှုပ်ရှားသူနှင့်  မြန်မာ အိုင်စီတီ( သတင်းနှင့်ဆက်သွယ် ရေး နည်းပညာ)  MIDO Development Organisation မှ ယခင် ပရိုဂရမ် မန်နေဂျာ ဖြစ်သူ မျိုးမင်းအောင်၊ အာဏာ မသိမ်းမီက ရန်ကုန်အခြေစိုက် နည်းပညာ ဗဟိုတွင် နည်းပညာစီစဉ်သူအဖြစ် ဆောင်ရွက်ခဲ့သူ  Saijai Liangpunsakul တို့ဆွေးနွေးပြောကြားခဲ့သည်။

    ဒစ်ဂျစ်တယ် ခေတ်အတွင်း လူ့အခွင့်အရေး ဆိုင်ရာ နှစ်စဉ်ညီလာခံ ကျင်းပသည့် RightsCon  တွင် သုံးသပ်ဆွေးနွေးသူ (၃)ဦး ၂၀၂၁၊ ဇွန်လ ၉ ရက်နေ့က အွန်လိုင်း ၌ တွေ့ဆုံကြပါသည်။ သူတို့က  ဖေဖေါ်ဝါရီ (၁)ရက်နောက်ပိုင်း ဖြစ်ပေါ်ပြောင်းလဲလာသည့် ဒစ်ဂျစ်တယ် အခင်းအကျင်း တွင် စစ်အုပ်ချုပ်ရေးကောင်စီ(စစ်ကောင်စီ ဆိုသည်မှာ အာဏာသိမ်းအဖွဲ့က သူတို့ကိုယ်သူတို့ ပေးထားသည့် ဂုဏ်ပုဒ်အမည်)ဆန့်ကျင်ဆန္ဒဖော်ထုတ်သူများ နှင့် ပုဂ္ဂလိက ကဏ္ဍ တို့မည်သည့်နည်းဖြင့်  ကိုင်တွယ်ဖြေရှင်းနေကြသည်ကို ဆွေးနွေးခဲ့ကြပါသည်။

    စစ်ကောင်စီ၏ဖိနှိပ်သည့်နည်းလမ်းများကို တန်ပြန်ခုခံသည့် အာဏာသိမ်းအပြီး  တက်ကြွသောဒစ်ဂျစ်တယ်ယဉ်ကျေး မှုု့တရပ်ထွန်းကားလာခဲ့သည်ကို ဆွေးနွေးပွဲက ရှင်းလင်း ပြသခဲ့ပါသည်။ သို့

    စစ်ကောင်စီ၏ဖိနှိပ်သည့်နည်းလမ်းများကို တန်ပြန်ခုခံသည့် အာဏာသိမ်းအပြီး  တက်ကြွသောဒစ်ဂျစ်တယ်ယဉ်ကျေး မှုု့တရပ်ထွန်းကားလာခဲ့သည်ကို ဆွေးနွေးပွဲက ရှင်းလင်း ပြသခဲ့ပါသည်။ သို့သော် စစ်တပ်၏စောင့်ကြည့် ထောက်လှမ်း  နိုင်စွမ်းအရ အာဏာသိမ်းဆန့်ကျင်သည့်လှုပ်ရှားမှုများမှာ အသိပညာကွာဟချက်များကြောင့်ကန့်သတ်ခံနေရသေးသည်။ ပြည်သူများ၏အင်တာနက်ရယူသုံးစွဲနိုင်မှုကိုဆက်လက်တည်တံ့အောင်ထိန်းထားပေးရန်နည်းပညာကုမ္ဗဏီများ နှင့် ထည့်ဝင်လှူဒါန်းသူများ က မိမိတို့၏ အခန်းကဏ္ဍ ကို ပြန်လည်စဉ်းစားပေးဖို့ သုံးသပ်ဆွေးနွေးသူများမှ တောင်းဆိုကြပါသည်။ [1]

    စစ်ကောင်စီနှင့် ဒစ်ဂျစ်တယ် ဖိနှိပ်မှု့

    အင်တာနက်ပိတ်ချခြင်းသည် စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ဖိနှိပ်မှု့ဗျူဟာများတွင်လူသိအများဆုံးဖြစ်သည်။ အင်တာနက်ချိတ်ဆက်နိုင်မှု့ကို အာဏာသိမ်းပြီးအချိန်အနည်းငယ်အတွင်း စစ်တပ်မှပိတ်ဆို့လိုက်သည်။ ထို့နောက်တွင် ညပိုင်းအင်တာနက်ပြတ်တောက်မှုဆက်တိုက်ဖြစ်လာသည်မှာအနည်းဆုံးရက်ပေါင်း (၇၀) ကြာမြင့် ခဲ့သည်။ ၂၀၂၁ ဧပြီလ မှစပြီး ဖိုင်ဘာအော့ပ်တစ်ကေဘယ်လ်မှလွဲ ၍ အခြားမည်သည့်နည်းနှင့်မျှအင်တာနက်ချိတ်ဆက်မရအောင်စစ်ကောင်စီမှ  ပိတ်ဆို့ထားခဲ့သည်။ အဓိပ္ဗါယ်မှာ ကုန်ကျစရိတ်နဲသောမိုဘိုင်းလ် ကွန်ယက်များနှင့် broadband ဆက်သွယ်မှုများကိုသာအားထားနေရသည့် မြန်မာပြည်သားအများစု အင်တာနက် လုံးဝချိတ်ဆက်မရတော့ခြင်းပင်။ ဖိုင်ဘာအော့ပ်တစ်ကေဘယ်လ်များမှာ လည်း မြန်နှုန်းလျော့ချခံထားရသည့်နှုန်းဖြင့်သာ ဝန်ဆောင်မှု ပေးနေရသည်။

    အင်တာနက်ပြတ်တောက်ခြင်းကိုအရေးထားရန် တောင်းဆိုနေချိန်တွင် စစ်ကောင်စီကမြန်မာ့ဆိုင်ဘာ နယ်ပယ်ကို ရုတ်ချည်း လုံးဝထိန်းချုပ်လိုက်နိုင်သည်ဆိုသည့်အချက်ကိုတော့သုံးသပ်ဆွေး နွေးသူများမှ ကွဲပြားသည့်အမြင်ကိုတင်ပြကြသည်။ ဥပမာ တစ်ခုအနေနှင့်  အင်တာနက်အမှောင်ချခံရခြင်းမှာ စစ်အာဏာသိမ်းမှဖြစ်ပေါ်လာသည် မဟုတ် ဟု မျိုး က ထောက်ပြသည်။ ၂၀၁၉  ခုဇွန်လ နှင့် ၂၀၂၁ ဖေဖေါ်ဝါရီ အကြားကာလ တွင် ရခိုင်ပြည်နယ်နှင့်ချင်းပြည်နယ် ၉ မြို့နယ် တို့ ၌ တင်းမာသည့်လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသည့်ကြားက အင်တာနက်မှောင်ချထားရန်အမိန့်ကိုအမျိုးသားဒီမိုကရေစီ ပါတီအဖွဲ့ချုပ် NLD အစိုးရမှ ထုတ်ပြန်ခဲ့သည်။အခြားအဖွဲ့အစည်းများနှင့်အတူ MIDO နှင့် ဖန်တီးရာ တို့ကအင်တာနက်ပိတ်ပင်ခြင်းကို ရပ်ဆိုင်း ရန် ကာကွယ် ပြောဆို ခဲ့ကြသည် ၊ သို့သော် အာဏာသိမ်းသည့်ရက်မတိုင်မီ ( ၁ ) ရက်အလိုမှ ရပ်ဆိုင်း သွားခြင်း ဖြစ်သည်။ စစ်တပ်က အာဏာသိမ်းရန်အတွက် ရခိုင်ပြည်နယ်တွင် အကြိုလေ့ကျင့်နေပုံရသည်ဟု မျိုးကပြောသည်။ ၂၀၂၀ နိုဝင်ဘာလတွင်လည်း Information Controls Fellow of the Open Technology Fund ဖြစ်သူ ဖြူဖြူကျော် မှ NLD လက်ထက်တွင် အွန်လိုင်းတားမြစ်စီစစ် ချက်များ၊စောင့်ကြည့် အကဲခတ်မှုများ ကိုလှစ်ဟပြခဲ့သည်။သူ၏ လေ့လာချက်တွင်မှတ်တမ်းတင်ထားသော ဖိနှိပ်မှု ဗျူဟာများ သည် အာဏာသိမ်းပြီးချိန်တွင် အလုံးအရင်းနှင့် ကျင့်သုံးခဲ့သော ဒစ်ဂျစ်တယ် ကိရိယာများသိမ်းဆည်းခြင်း၊ ပစ်မှတ်ထားသည့်ဝက်ဘ်ဆိုက် များကိုပိတ်ဆို့ခြင်း   စသည့် ရှိနှင့်ပြီး ဗျူဟာ အမျိုးမျိုး ကို ရှေ့ပြေး နိမိတ်ပုံ ထင်ဟပ်စေသည်။[2]

    အာဏာသိမ်းမှု့မတိုင်မီ ဒစ်ဂျစ်တယ်ဖိနှပ်မှု့များ အပေါ်ထပ်လောင်းထားသည့်  များပြားလှသောရင်းမြစ်များ အကြောင်းကိုလည်း သုံးသပ်ဆွေးနွေးသူ များက အလေးအနက်တင်ပြကြသည်။ တရုတ်၊ ဥရောပနှင့်အမေရိကန်နိုင်ငံ  တို့မှတင်သွင်းလာပုံရသည့် တပ်မတော်၏ စောင့်ကြည့်ထောက်လှမ်း ခြင်းနည်းပညာ အကြောင်းကိုအဲလက်စ် မှဆွေးနွေးခဲ့သည်။ အများတကာသွားလာနေ သည့်နေရာတွင် လူမျက်နှာသွင်ပြင်ကိုမှတ်မိနိုင်သည့် တရုတ်နိုင်ငံ၏  နည်းပညာ ပစ္စည်းများ တပ်ဆင်မှုကို အဲလက်စ်မှ အထူးစိုးရိမ်သည်ဟုဆိုသည်။ ဆန္ဒထုတ်ဖော်သူများဖြင့်သက်ဝင်လှုပ်ရှားနေပြီး အကြမ်းတမ်းဆုံး ဖြိုခွဲခံရသောနေရာများဖြစ်သည့် မန္တလေး၊ နေပြည်တော် နှင့်ရန်ကုန်  မြို့ကြီး (၃) မြို့ တွင် ထိုသို့တပ်ဆင်မှု့ကို၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်တို့တွင်စတင်ရန်ရည်ရွယ် ခဲ့သည်။  NLD အစိုးရ မှ အမေရိကန်ဒေါ်လာ၄့၆သန်း ကိုလူမှု့ကွန်ယက်စောင့်ကြည့်လေ့လာရေးနည်းကိရိယာများအတွက် ၂၀၁၇ ခုနှစ်တွင်သုံးခဲ့သည်ဟုဖြူဖြူကျော်၏ သုတေသန ပြုချက်ကိုမှီငြမ်း ၍ မျိုး မှလည်းပြော ဆိုသည်။ NLD အစိုးရသည် ၂၀၁၉ – ၂၀၂၀ အကြား ဥပဒေနှင့်အညီ ကြားဖြတ်သတင်းယူနိုင်သည့် စံနစ်ကိုတည်ထောင်ရန်  အမေရိကန်ဒေါ်လာ ၄သန်းဝန်းကျင်ကို လျာထားသုံးစွဲ ခဲ့သော်လည်း ယခုချိန်အထိ ထိုစံနစ်မှာတည်ရှိ ပေါ်ပေါက်မလာသေးဟု မျိုးမှဆက်လက်ပြောကြားသည်။ ဥပဒေနှင့်အညီ ကြားဖြတ်သတင်းယူခြင်းဆိုသည်မှာ ပုံမှန်အားဖြင့် ရာဇဝတ်မှု့များကို ဖြေရှင်းဆောင်ရွက်ရာတွင် နိုင်ငံသားများအချင်းချင်းပုဂ္ဂိုလ်ရေးရာကိစ္စ များ ပြောကြားခြင်း ကို သတင်းရယူရာ၌ အကန့်အသတ် မရှိခွင့်ပေးထားသည့် ဥပဒေမူဘောင်ကိုရည်ညွှန်းသည်။ မြန်မာနိုင်ငံတွင် ထိုသို့အကာအကွယ်အထိန်းအကွပ်မဲ့ခြင်း က ဥပဒေအရမည်သို့မျှတန်ပြန် အရေးယူခံရမည်မဟုတ်သဖြင့် နိုင်ငံသားများအပေါ် စိတ်ကြိုက် လွတ်လပ်စွာသူလျို ထောက်လှမ်းနိုင်ရန် စစ်ကောင်စီကို အခွင့်ပေးလိုက်သကဲ့သို့ဖြစ်သည်။ စစ်ကောင်စီမှ အင်တာနက် နှင့်ပတ်သက်သည့် လုံခြုံရေး ထိန်းချုပ်ရန် သူတို့ဖာသာ ကျင့်သား ယူထားပြီး၊ ကြိုတင်ကြံစည် တွေးထားပြီး ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးသူများမှ သံသယ များစွာဖြစ်ဖွယ်မရှိပါ။

    မည်သို့ဖြစ်စေ အမြင်ကျဉ်းမြောင်းစွာအင်တာနက်အမှောင်ချခြင်းက အခြားနည်းဖြင့်ဒစ်ဂျစ်တယ်ဖိနှိပ်မှု့ကိုအာရုံစိုက် ခြင်းမှသွေဖယ်သွားစေသည်ဟုမျိုးကဖြည့်စွက်ပြောကြားသည်။ စစ်ဆေးရေးနေရာများတွင် စစ်ကောင်စီအရာရှိများက လူထုထံမှဒစ်ဂျစ်တယ်ကိရိယာ (လက်ကိုင်ဖုန်း)များကိုစစ်ဆေးပြီး အာဏာသိမ်းစစ်တပ်ကို ခြိမ်းခြောက်သည့် ပို့စ်များ တင်မတင်စစ်ဆေးဖော်ထုတ်သည်။ “ပထမဆုံးသူတို့ကြည့်တာကတော့ဖေ့စ်ဘွတ်ခ်၊နောက်ပီးတော့ (ဓါတ်ပုံတွေ)သိမ်းထားတဲ့ဖိုင်နဲ့ မက်ဆင်ဂျာပဲဗျ “ဟုမျိုးကပြောသည်။  “ဘာတွေပါနိုင်မလဲ ဖြစ်နိုင်ခြေရှိသမျှ အမျိုးစုံ သူတို့ရှာတယ် ၊ စစ်အာဏာသိမ်းတာကိုထိခိုက်တာ တခုခုတွေ့တာနဲ့ ဒီအရာရှိတွေက( ဖုန်းပိုင်ရှင်ကို) ဖမ်းတော့တာပဲ။ စစ်ကောင်စီ က လူငယ်ဆိုလျှင် ဆန္ဒထုတ်ဖော် သူများဟုမှတ်ယူ ထားသဖြင့်  ယင်းသို့ နှောင့်ယှက်မှုကိုအများဆုံးကြုံတွေ့နိုင်ခြေရှိသူများမှာ စစ်ဆေးရေးနေရာများကို အုပ်စုလိုက် ဖြတ်သန်း သွားလာနေကြသောလူငယ်များဖြစ်သည်။ စစ်ကောင်စီမှ ဖုန်းများစစ်ဆေးသည့်လုပ်ရပ် ကိုဆန္ဒထုတ်ဖော်လှုပ်ရှား  သူများ နှင့်သတင်းထောက်များ က စိုးရိမ်ပူပန်ဆုံး ဖြစ်သည် ဟု Saijai ကဖြည့်စွက်ဆွေးနွေးခဲ့သည်။ “ဒီလိုလုပ်တဲ့နည်းကပြည်သူ လူထုအကြားမှာ ကြောက်ရွံ့ ထိတ်လန့်မှုတွေ ဖြစ်ပေါ်စေတယ်၊ ဆန္ဒထုတ်ဖော်သူခေါင်းဆောင်ပိုင်းတွင်သာမက ရိုးရိုးပြည်သူ တွေကပါ ကိုယ့်ဖုန်းနဲ့ကိုယ် အပြစ်ရှိတဲ့ ရာဇဝတ်သားဖြစ်မှာကြောက်နေကြတယ်”

    စစ်ကောင်စီ ၏ ဒစ်ဂျစ်တယ် ဖိနှိပ်မှုတွေ ကပြီးပြည့်စုံရဲ့လား

    အင်တာနက်ကိုလုံးဝဥဿုံ ထိန်းချုပ်ရန် အမျိုးမျိုးလုပ်ဆောင်နေရသော်လည်း အခက်အခဲများနှင့်သာရင်ဆိုင်နေရ သောစစ်တပ်အခြေအနေ ကိုထောက်ပြပြီးမြန်မာပြည်တွင် ဒစ်ဂျစ်တယ်ဖိနှိပ်မှုမှာ မပြည့်စုံကြောင်း သုံးသပ်ဆွေးနွေး သူများမှ တသဘောတည်း တင်ပြကြသည်။ပထမဦးစွာ- စတီဖင် ဖဲလ်စတိန်း  အခေါ်အရပြောရလျှင်  “အာဏာရှင်များ၏ဒစ်ဂျစ်တယ် အကျဥ်းအကြပ်” တွင်စစ်ကောင်စီ ချောင်ပိတ်မိနေပြီဖြစ်သည်။ ယင်းမှာ အာဏာရှင်ဆန်သည့် အုပ်ချုပ်သူများ  မိမိတို့ ဖိနှိပ်မှုမှရရှိသည့်အကျိုးအမြတ်နှင့် အင်တာနက်ဖွင့်ပေးလိုက်ရသည့်အတွက် ရလိုက်သော အကျိုးအမြတ်ဆုံးရှုံးမှု့တို့ အကြား အလဲအလှယ် အပေးအယူဖြစ်သည်။  လူအများလက်ခံထားသကဲ့သို့ ဖေဖေါ်ဝါရီ (၁)ရက်နေ့ နံနက်စောစော စစ်တပ် စတင် ဝင်ရောက်နေရာယူချိန်မှ စပြီး အင်တာနက်ပိတ်ခံရသည် ဆိုခြင်းမှာမဟုတ်ပေ၊ သူတို့အာဏာသိမ်းတပ်အချင်းချင်း ချိတ်ဆက်နိုင်ရန် အင်တာနက်ကို သုံးနေရ ၍ ဖြစ်သည်ဟု အဲလက်စ် ကထောက်ပြခဲ့ပါသည်။ တကယ်အင်တာနက်ဖြတ်ခံရချိန် ကနံနက် ၇နာရီခွဲ ခန့်ဖြစ်ပြီး လူထုထံမှ မကျေနပ်သံများ ချက်ခြင်း ပေါ်ထွက်လာသည်။ညစဉ် ညဉ့် ၁နာရီ မှ မနက် ၉ နာရီအထိအင်တာနက် ဖြတ်တောက်ခြင်းက ဖေဖော်ဝါရီ( ၆) ရက်နေ့မှစတင်သည်ဆိုခြင်းမှာလည်း စစ်ကောင်စီ၏သူတို့ ဒစ်ဂျစ်တယ်အကျဉ်းအကြပ်ကို  တနည်းအားဖြင့် ဖြေရှင်းခြင်းဖြစ်သည်။ နေ့ပိုင်း ပုံမှန်ရုံးချိန်တွင် လုပ်ငန်းများလုပ်ဆောင် နိုင်ရန်အင်တာနက်ခွင့်ပြုပေးထားပြီး ညအချိန်တွင် အကြောက်တရားလွှမ်းမိုးစေရန်၊အရပ်သားများကိုအကြမ်းဖက်ရန်၊ ဆန္ဒထုတ်ဖော်သူများ အချင်းချင်း ချိတ်ဆက်မှုကိုဖြတ်တောက်ဖြိုခွဲရန် ဆိုသည့်တန်ပြန်ဆန္ဒကိုအကောင်အထည်ဖော် နေသည့် ထိုအချက်နှစ်ချက်မှာ အဲလက်စ်၏ သုံးသပ်ချက်အရ   အလုပ်လုပ်ချင်သူများကို ဖော်ရွေလိုက်လျောပါသည် ဆိုသည့်ပုံရိပ်ကို အတင်းထိန်းထားနိုင်ရေးအတွက် စစ်အုပ်စု၏အထူးအားစိုက်ကြိုးစားထားရသည့် ရလာဒ်များ ဖြစ်သည်ဟုဆိုသည်။

    ထို့အပြင် စစ်တပ် သည်လည်း အင်တာနက် လိုအပ်ပါသည်။ အများနှင့်အတူရောပြီးအင်တာနက်အကုန်ပိတ်သွားသည့်အတွက် တပ်အချင်းချင်းဆက်သွယ်ရန် မဖြစ်နိုင်တော့ပဲ မြေပြင်တွင်တာဝန်ကျနေသောစစ်သားများ၏စိတ်ဓါတ်ရေးရာ ကိုပါ အတားအဆီး အနှောက်အယှက်ဖြစ်လာစေသည်။ “ဖုန်းတစ်လုံးနဲ့ တစ်တော့ ဆော့နေကြပီး နားနေကြတဲ့စစ်သားတွေ ကျွန်တော်တို့အားလုံး တွေ့ဖူးကြတာပဲ” ဟုအဲလက်စ်ကပြောသည်။ ထိုတစ်တော့ ဗီဒီယိုများမှာ ကြည့်ရှုသူအတွက် အဆိပ် အတောက် မရှိသည်မဟုတ်ချေ၊ လူမှု ကွန်ယက်တွင်တင်ထားသော ဓါတ်ပုံများ၊ အသက်ကိုခြိမ်းခြောက်သည့်ပို့စ်များသည် စစ်တပ်အတွင်း ရာထူးအဆင့်အလိုက် အရေးမယူ၊ ဒဏ်မခတ်သည့် ထုံးစံ တရပ်ကိုပြန့်ပွားစေသည်။ စစ်ကောင်စီ၏ စီးပွားရေးနှင့်ပတ်သက်သည့်အကျိုးစီးပွားနှင့် သူတို့တပ်အချင်းချင်းအကြား တရားဝင်အသိအမှတ်ပြုခံရမှုသည်လည်း အင်တာနက်ချိတ်ဆက်ရရှိနိုင်ခြင်း အပေါ်တနည်းနည်းဖြင့်မှီ နေသောကြောင့်လုံးဝအပြီးသတ်ပိတ်ချလိုက်ရန်မှာ ဖြစ်နိုင်ဖွယ်မရှိပါ။

    စီးပွားရေး လုပ်ငန်းများလုပ်ဆောင်ရန်နှင့် စစ်တပ်အကျိုးစီးပွားကို အထောက်အကူပြုသည့် အင်တာနက်သုံးစွဲမှု ပုံစံကိုချဲ့နိုင်သမျှတိုးချဲ့ပြီး ၊ တော်လှန်ရေး လှုပ်ရှားမှု ဖြစ်ပေါ်စေသည့် အင်တာနက်စွမ်းအင်ကို ချုံ့ နိုင်သော အဆင့်မြင့် ဆန်းကြယ်သည့် ထိန်းချုပ်နည်းများ စစ်ကောင်စီမှအကောင်အထည်ဖော်နိုင်မည်လားဟုမေးစရာရှိသည်။ စစ်ကောင်စီရင်ဆိုင်နေရသည့် ဒုတိယ အခက်အခဲများ ကိုလည်း သုံးသပ်ဆွေးနွေးသူများကထောက်ပြခဲ့ပါသည်။ ၎င်းမှာ စစ်တပ်တွင် အလုံးစုံလွှမ်းခြုံသည့် စောင့်ကြည့် ထောက်လှမ်းခြင်းဗျူဟာချမှတ်နိုင်သည့် နည်းလမ်းမရှိခြင်းဖြစ်သည်။ မျိုး၏ဆွေးနွေးချက်အရ “စစ်တပ်ရဲ့စောင့်ကြည့်ထောက်လှမ်း နိုင်တဲ့စွမ်းရည်ဘယ်လောက်ရှိလဲအပြည့်အစုံမသိရပေမယ့်သေချာတဲ့ အချက်တစ်ခုကစစ်တပ်က ပစ္စည်းကိရိယာတွေ ဝယ်ယူပြီး ဆော့ဖ်ဝဲများတပ်ဆင်လိုစိတ် တော့ အလွန်ပြင်းပြနေတယ် ။ဒီအရင်းအမြစ်တွေ ကို စစ်အဖွဲ့မှညွှန်ကြားအသုံးပြုနိုင်ခြင်းရှိမရှိကလည်း အလွန်မေးခွန်းထုတ်စရာကောင်းနေတယ့်သူတို့မှာ ဗျူဟာမဲ့နေတယ်”ဟုဆိုသည်။ မျိုး ဆိုလိုသည်မှာ စစ်တပ်က ပြဿနာကိုဖြေရှင်းရာ တွင်ရှေ့အနာဂါတ်ကိုကြိုတွေးသည့်ဗျူဟာထက် ငွေကိုသာပုံအောသုံးတတ်ပုံရသည်ဟုဆိုလိုခြင်းဖြစ်သည်။ ယင်း၏ရလာဒ်မှာ  ပြည်သူပြည်သားများ၏ ကျရာအခြေအနေတွင်ဖြစ်အောင်လိုက်လျောညီထွေနေတတ်မှု နှင့် ကြံ့ကြံ့ခံနိုင်သည့် စိတ်ဓါတ်တို့ကို စစ်တပ်က တသမတ်တည်း လျှော့တွက်နေခြင်းဖြစ်သည်။

    စစ်ကောင်စီ၏ အလုံးစုံလွှမ်းခြုံမှု  ဗျူဟာမဲ့နေခြင်းကို အာဏာသိမ်းပြီးစမှ ၅လအတွင်း ဒစ်ဂျစ်တယ်ဖိနှိပ်ခြင်းကိုဆက်လက် အကောင်အထည်ဖော်နေ သော ၎င်းတို့၏ ဗရမ်းဗတာလုပ်တတ်သည့်စရိုက်တွင် တွေ့နေရသည်။ ကနဦးတွင် အင်တာနက်ပိတ်ဆို့ခြင်းကို အချိန်အတိအကျ လုပ်ဆောင်သည်။ တဖန် ဖေ့စ်ဘွတ်ခ်နှင့် တွစ်တာကဲ့သို့ ထင်ရှားသည့် အချို့ဝက်ဘ်ဆိုက်များကိုပိတ်ပြီး အင်တာနက်ကို လိုင်းပေါ်ပြန်တင်ပေးပြန်သည်။ မကြာသေးမီ ၂၀၂၁မေလ က Zoom၊ LinkedIn နှင့် အခြား မိုဘိုင်းလ် ဘဏ်ဝန်ဆောင်မှု့များကို မိုဘိုင်းလ်ဒေတာမှ လုပ်ဆောင်နိုင်ရန် “ခွင့်ပြုစာရင်း” ဗျူဟာ သို့ပြောင်းပြန်သည်။ အခြားအင်တာနက်သုံးစွဲမှုပုံစံများမှာ ဖိုင်ဘာချိတ်ဆက်မှုလိုနေသေးပြီး စောစောကတင်ပြခဲ့သည့် “နာမည်ပျက်စာရင်း”တွင်ပါသည့် ဖေ့စ်ဘွတ်ခ် နှင့် တွစ်တာ တို့မှာ VPN (Virtual Private Network)မရှိပဲ ချိတ်ဆက်အသုံးပြု ၍ မရသေးပေ။ မိုဘိုင်းဒေတာဖြင့်သုံးနိုင်သည့် “ခွင့်ပြုစာရင်း” ဆိုသည်မှာလည်း ကျရောက်လာမည့် စီးပွားရေးကပ်ကို ဟန့်တားနိုင်ရန်မျှော်လင့်ပြီးခွင့်ပြုခြင်းဖြစ်နိုင်သည်။  မည်သို့ပင်ဖြစ်စေပို၍အကြမ်းစား နည်းပရိယာယ်များကိုသုံးနေဆဲပင်ဖြစ်သည်။ ၂၀၂၁ခု ဇွန်လ ၄ ရက်နေ့တွင်ကျင်းပသော အမျိုးသားညီညွတ်ရေးအစိုးရ၏ ပထမဆုံး သတင်းစာရှင်းလင်းပွဲပြု လုပ်နေချိန်တွင် စစ်ကောင်စီမှတနိုင်ငံလုံး အင်တာနက်မရအောင် ဖြတ်တောက် လိုက်သည်။ ယခုလိုစစ်တပ်က သိမ်းကျုံး ရန်မူသည့်နည်းပရိယာယ်များ နှင့်အာဏာသိမ်းခြင်းကိုဆန့်ကျင်သည့်လှုပ်ရှားသူများမှ ယင်းပရိယာယ်တို့ကိုရှောင်လွှဲ ကျော်လွှားနိုင်မည်ဟုမျှော်လင့်ချက်ကို  ပိုမိုနားလည်ရန် လိုသည်ဟု မျိုး ကပြောကြားသည်။ “ဒါက ကျွန်တော်တို့ တွေ၊ တက်ကြွလှုပ်ရှားသူတွေ ၊တော်လှန်ဆန့်ကျင်သူတွေအားလုံးပိုမို လေ့လာရမယ့် နယ်ပယ်ပဲ” ဟုမျိုးကဆိုပါသည်။

    Image courtesy of @new.songje).

    အာဏာသိမ်းခြင်းကိုဆန့်ကျင်သည့် ဒစ်ဂျစ်တယ်ယဉ်ကျေးမှု့

    မျိုး၏စကားအတိုင်းဖော်ပြရလျှင် “ စစ်တပ်ကအောင်မြင်ခဲ့ပါသလား ဒီမေးခွန်းရဲ့အဖြေကိုကျွန်တော်ဖြေရရင် မအောင်မြင်ပါဘူး လို့ပဲပြောပါမယ့်”ဟုဖြစ်သည်။ ယင်းမှာ ဖဲလ်စတိန်းပြောသည့် “အာဏာရှင်များရဲ့ဒစ်ဂျစ်တယ်အကျဉ်းအကြပ်” ကို ကိုင်တွယ်ရမည့် လမ်းကြောင်း သိနိုင်စွမ်းမရှိသည့်စစ်ကောင်စီ၏ အရည်အချင်းညံဖျင်းမှုကြောင့် တစိပ်တပိုင်းဖြစ်သလို၊ ဖိနှိပ်ခံရမှု့များကိုရှောင်ကွင်း ဖောက်ထွက်နိုင်သည့် အရပ်သားများ၏ အရည်အချင်း ကြောင့်ဟုလည်းပြောရမှာဖြစ်ပါသည်။ ဖိနှိပ်ခံရလျက်နှင့်ပင်မြန်မာနိုင်ငံတဝှမ်း ရှိအင်တာနက်သုံးစွဲသူများ မှ စစ်အာဏာသိမ်းခြင်းကိုဆန့်ကျင်သည့် ဒစ်ဂျစ်တယ်ယဉ်ကျေးမှု့ကိုအောင်မြင်စွာဖြစ်ထွန်းစေခဲ့ပြီး ထိုမှတဆင့် ဆန္ဒဖော်ထုတ်သည့်နည်းသစ်များ ၊ လူမှု့ အသိုင်းအဝိုင်းများစွာပေါက်ဖွားစေခဲ့ပြီး အချင်းချင်းလည်း အန္တရာယ်မှလုံခြုံစေရန်စောင့်ရှောက်နိုင်ခဲ့သည်။

    မြန်မာနိုင်ငံမှဆန္ဒထုတ်ဖော်သူများ၏ ဖန်တီးနိုင်မှုအရည်အချင်းကို နိုင်ငံတကာက သတိထားမိခဲ့ကြရာဒစ်ဂျစ်တယ်လောကထဲသို့ပါ ပျံ့နှံ့ရောက်ရှိလာသည်။ထိုအကြောင်းအရာနှင့်ပတ်သက် ၍ Saijai က အချက်(၃)ချက်သတိပြုမိသည်။ ပထမအချက်မှာအရပ်သားများ ကဘေးကင်းလုံခြုံစေရန်နှင့်ပိတ်ဆို့မှုကိုရှောင်ကွင်းရန် အင်တာနက်သုံးကြသည်၊ ဥပမာ စောင့်ကြည့်ထောက်လှမ်းခံရ မည်ကို စိုးရိမ်ပူပန်မှုများမြင့်မားနေသည့်ကြားက တဖက်နှင့်တဖက် လျို့ဝှက်ပြောဆိုနိုင်သည့် Signal  ကို အရပ်သားများ ပြောင်းသုံးကြသည်။ ဒုတိယ အချက်အနေနှင့် သုံးစွဲနိုင်သည့်application ပေါ်မူတည်ပြီး အရပ်သားများမှ ဆန္ဒထုတ်ဖေါ်သည့်နည်း ကိုပုံစံပြောင်း ကြသည်။ အာဏာသိမ်းကာလတွင် တွစ်တာ အထူး လူသိများထင်ရှားလာသည်၊ အကြောင်းမှာ ဆန္ဒထုတ်ဖော်သူများ တွစ်တာမှတဆင့် ပြင်ပကမ္ဘာနှင့်ဆက်သွယ်ရာတွင်ပိုမိုထိရောက်သည့်အတွက်ဖြစ်သည်ဟု Saijai ကဥပမာ ပြသည်။ သတင်းမီဒီယာမှထုတ်ပြန်သည့် သတင်းများပိတ်ပင်ခံရသည့်အချိန်တွင် မိမိ တွစ်တာ အချင်းချင်း မှဖြစ်စေ တရားဝင်ရှိနေသောတွစ်တာသတင်းဌာနများမှ ဖြစ်စေ အရပ်သားများက တွစ်တာကိုသုံးပြီး သတင်းရယူကြသည်။

    #whatshappeninginmyanmar ကဲ့သို့ ခေတ်နှင့်အညီ Hashtag များသည် မြန်မာနိုင်ငံ၏ အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ပြည်သူများ၏စိတ်ခံစားမှု့ကိုသက်သေထူချက်ဖြစ်သည်။ ဆန္ဒထုတ်ဖော်သူများ က တွစ်တာကိုသုံးပြီးနာမည်ကျော်သတင်းထောက်များ ကိုလည်း tag တွဲသည်၊ ထိုနည်းဖြင့် မြန်မာနိုင်ငံအပေါ်  “နိုင်ငံတကာမှအာရုံစိုက်လာစေရန်” ဖြစ်သည်။  ဆန္ဒထုတ်ဖော်သူများက တွစ်တာ၏ တစ်ဦး မှ တစ်ဦး သို့ဆက်သွယ်ခြင်း နှင့် အများ မှ အများသို့ဆက်သွယ်ခြင်း နှစ်မျိုး စလုံးကို အကျိုးရှိရှိထိရောက်အောင် အသုံးပြုကြသည်။ တတိယအချက် တွင် အင်တာနက်ကိုသုံးပြီး ဆန္ဒပြသူများ တစ်ယောက်နှင့်တစ်ယောက် အားပေးကူညီ ကြကြောင်း Saijai ကဆွေးနွေးခဲ့သည်။ ဆန္ဒဖော်ထုတ်သူများသည်မြို့ကြီးများတွင် ရဲတပ်ဖွဲ့တည်နေရာကို လမ်းကြောင်း ရှာဖွေနိုင်သော OpenStreetMap မြေပုံကိုသုံးသကဲ့သို့ Way Way Nay app သည်စစ်တပ်နှင့်ဆက်စပ်မှု့ရှိသည့်လူပုဂ္ဂိုလ်များလုပ်ငန်းများကိုဖော် ပြသဖြင့် သပိတ်မှောက်လှုပ်ရှားမှုများလွယ်ကူစေပြီး ချိတ်ဆက်ရ လည်း လွယ်ကူစေသည်။ ထို app များသုံးခြင်းက အွန်လိုင်း ချိတ်ဆက်မှု့များသည် လိုင်းပေါ်မှာမရှိသည့် ဆန္ဒထုတ်ဖော်သူများကိုမည်သို့ ဖြည့်တင်းကူညီရာရောက်သည်ကိုပြနေသည်။  လိုင်းပေါ်မှာမဟုတ်သည့် ရက်စက်ကြမ်းတမ်းစွာ ဖြိုခွင်းမှု များကြားကပင်၊ အွန်လိုင်းပေါ် ကလူမှု့ အသိုင်းအဝိုင်းကိုလည်း ဆန္ဒထုတ်ဖော်သူများကလှုံ့ဆော်နိုင်ကြောင်းပြသည်။ “ လူငယ်တွေဟာ စိတ်မကျေနပ်မှုကို အခြားတမျိုး နဲ့ဖော်ပြပြီး  ဒေါသကို အသစ်အဆန်းတွေအဖြစ် ဖန်တီး ပြောင်းလဲယူ နိုင်ကြတယ်၊ သူတို့အချင်းချင်း အားပေးကူညီနေတာတွေ့ရတာလည်းကျွန်တော့် ရင်ထဲတကယ်ခံစား ရတယ် “ဟု Saijai ကပြောပါသည်။

    မြို့ကြီးများတွင် ခေတ်မီစမတ်ဖုန်းများ ကိုင်နိုင်ခြင်းကလည်း၊ သတင်းထောက်ဆိုလျှင် ပြည်တွင်းဖြစ်စေ ပြည်ပသတင်းမီဒီယာ ကဖြစ်စေ ဖမ်းဆီးခံရခြင်း၊ညှင်းပန်းနှိပ်စက်ခံရခြင်း နှင့်ထောင်ကျ ခြင်း တို့ကြုံရသည့်မီဒီယာကို မုန်းတီးရန်ရှာသည့်အခြေအနေ တွင် အရပ်သားပြည်သူများမှသတင်းထောက်များကို ကူညီနိုင်ခွင့်ရစေသည်။ နှိမ်နင်းဖြိုခွဲပုံဗီဒီယို ဓါတ်ပုံများကိုရိုက်ကူးပြီး လိုင်းပေါ်တင်ကာ လူမှုကွန်ယက်တွင် မျှဝေသည်။ ယင်းမှာ မီဒီယာအသုံးပြုသူများနှင့် သတင်းထောက်များ၏ဆက်ဆံရေး အပြောင်းအရွေ့ဖြစ်သည်ဟု အဲလက်စ် ကရှင်းပြသည်။ သတင်းထောက်များအနေဖြင့် အန္တရာယ်အလွန်ကြီးမားသဖြင့် လူအုပ်ထဲတွင်မိမိမည်သူမည်ဝါဖြစ်ပါသည်ဟုပြောဆိုရသည့်အခါ မိမိမှ သတင်းပေးသည်ထက် အရပ်သားပြည်သူများ၏ သတင်းပေးချက်အပေါ် မှီခိုအားထားနေရသည်။ အရပ်သားပြည်သူများဖက်ကလည်း သူတို့ လုပ်ဆောင်ရမည့်အပိုင်းကိုချက်ခြင်း အဆင်ပြေအောင်ကူညီကြပါသည်။ သတင်းထောက်များကို ပြည်သူမှပေး သောဗီဒီယိုများမှာ အာဏာသိမ်းခါစကာလ ကပေးသောဗီဒီယိုများထက် ယေဘုယျအားဖြင့် ပိုကြည်လင်ပြီး သတင်းထောက်များလိုချင်သည့်အချက်များဖြစ်သည့် နေ့ရက်၊အချိန်၊နေရာတို့ပါ ပါဝင်သည်။ ထိုကဲ့သို့ ဗီဒီယိုများမှာ အရေးပါသော်လည်း အရပ်သားများအတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသည်။ ဥပမာ ဆန္ဒ ပြသူများ ပေးသည့် ဗီဒီယို မှ မြေပြင်အမှတ်အသား၊ မည်သည့်နေရာဆိုသည့် အတိအကျပုံရိပ်ဖမ်းစံနစ်တို့ပါဝင်သဖြင့်  နှိမ်နင်းဖြိုခွင်းရန် နှိုးဆော်နေသကဲ့သို့ဖြစ်သည်။ အာဏာသိမ်းအလွန်ကာလ မြန်မာပြည်တွင် ဒစ်ဂျစ်တယ်လုံခြုံရေး အသိမှာ ထိတ်တန်းအရေးကြီးကြောင်း ယင်းအန္တရာယ်များက ရှင်းရှင်းလင်းလင်း ညွှန်ပြနေသည်။

    အင်တာနက်သည်  အာဏာသိမ်းအပြီး ဆန့်ကျင်တော်လှန်ရာတွင် အသွင်တမျိုးဖြင့် ဆက်သွယ်ပေးလေသည်၊ ထိုအရာမှာလျို့ဝှက် စာရွက်စာတမ်းများပေါက်ကြားခြင်းပင်။ ဤနည်းဖြင့်ပေါက်ကြားနိုင်ခြေမြင့်ကြောင်းအဲလက်စ် က TOTAL ပြင်သစ်ရေနံကုမ္ဗဏီနှင့် ဥပမာပြသွားသည်။ စစ်တပ်နှင့် ချိတ်ဆက်သဖြင့် TOTAL အကျိုးအမြတ်မည်သို့ရနေပုံကို မေလဆန်းတွင် Justice for Myanmar ဆိုသည့် လှုပ်ရှားတက်ကြွသည့်အဖွဲ့က၊ ပေါက်ကြားသည့်မှတ်တမ်းစာရွက်စာတမ်း များကို အသုံးပြုပြီး ပြသသွားသည်။ TOTAL လည်းဖိအားပေးခံရသဖြင့် ထိုအချိန်မှစ၍  စစ်တပ်သို့ အမြတ်ငွေကြေးခွဲဝေပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။ “ဒီလိုသတင်းအချက် အလက်တွေက ပေါက်ကြားစေချင်သူမရှိပဲ ကျွန်တော်တို့ဘယ်လိုမှ ရနိုင်မှာမဟုတ်ဘူး၊ လူမှုမီဒီယာကွန်ယက်မှတဆင့် ပေါက်ကြား သည်အထိသတင်းကိုလုံလုံခြုံခြုံနဲ့ နာမည်မပေါ်အောင် ထုတ်သွားနိုင်တာဟုအဲလက်စ် က ပြောဆိုသည်။ယခုသုံးသပ်  ဆွေးနွေးပွဲကို နိုင်ငံတကာမှ နားထောင် နေသူများကိုလည်း မီဒီယာကဏ္ဍ (ပုဂ္ဂလိကပိုင် လုပ်ရင်) လွတ်လပ်မှာ ပါဟု အနောက်နိုင်ငံ ဒီမိုကရေစီ အတွေ့အကြုံများကိုအခြေခံသည့် ယူဆချက်များကို မေ့ထားလိုက်ရန်  အဲလက်စ်ကတိုက်တွန်း လိုက်သည်။  အရေးကြီးသည့် သတင်းအချက်အလက်များကို အများတကာကြည့်ရှု နိုင်သည့် မီဒီယာအားပြည်သူများလက်လှမ်းမမီနိုင်သည့် မြန်မာပြည်တွင် လက်ရှိဖြစ်ပျက်နေသည်များကို မှတ်တမ်းတင်ထားရန်လိုအပ်ချက်ကိုလျှော့တွက်၍ မဖြစ်ပေ။

    နောက်ဆုံးတွင် စစ်ကောင်စီ၏ ဗရမ်းဗတာ အင်တာနက် ပိတ်ဆို့မှု့များရှိသည့်ကြားကပင် အရပ်သားပြည်သူများအွန်လိုင်းပေါ်ဆက်လက် နေနိုင်အောင် ကြံဖန်နိုင်ခဲ့ကြသည်။ ဥပမာ – အာဏာသိမ်းပြီးပထမသီတင်းပါတ်လောက်ကစ ၍ဖေ့စ်ဘွတ်ခ်နှင့် အခြား ပိတ်ထားသော ဝက်ဘ်ဆိုက်များသို့ဝင်ရန်VPNs များသုံးပြီး  အကွာအဝေးတို ဆက်သွယ်ပြောဆိုရန်အတွက် mesh network ကဲ့သို့အကွက်ကွန်ယက် ကိုသုံးသည်။ အာဏာသိမ်းပြီးရက်များအတွင်း ဒစ်ဂျစ်တယ် အခွင့်အရေးလှုပ်ရှားသူများက မိုဘိုင်းဒေတာထက်စာလျှင်တာတို Bluetooth နည်းပညာကိုသုံးပြီး အကွက်ကွန်ယက် မက်ဆေ့ချ်စာပို့နိုင်သော Bridgefy app ကိုသုံးရန် ဆော်သြခဲ့ကြသည်။ အွန်လိုင်းပေါ်ဆက်ပြီး နေနိုင်အောင်အားထုတ်ကြိုးပမ်းကြသည့်ပြည်သူပြည်သား များ၏ အောင်မြင်မှုကို ဖေဖေါ်ဝါရီလမှ ဧပြီလ အတွင်း နိုင်ငံတဝှမ်းဆင်နွှဲခဲ့ကြသည့် အကြောင်းအရာ ခေါင်းစဉ်အလိုက် ဆန္ဒထုတ်ဖော်ပွဲများတွင်တွေ့မြင်နိုင်သည် ဟုအဲလက်စ်က ဆက်ပြောပါသည်။ လမ်းပေါ်တွင် ဆန္ဒပြသူများက သူတို့၏စည်းလုံးညီညွှတ်မှု့ကို ချိတ်ဆက်မှုရှိရှိ နည်းဗျူဟာများ၊ သင်္ကေတများဖြင့်  ပြသ သွားခဲ့ကြသည်။ ၎င်းတို့တွင် ဖရဲသီးများ၊ ဆေးခြယ်ထားသည့်ကြက်ဥများ နှင့် ဖိနပ်များ ပါဝင်သည်။ ယင်းသို့ အားလုံးတညီတညာ တည်းကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ဆောင်ရွက်ရန်မှာ အရပ်သားပြည်သူများအွန်လိုင်းပေါ်ရှိမနေပဲ မည်သို့မှမဖြစ်နိုင်ပေ။ တခါသုံးပြီး လွှင့်ပစ်လို့ရသည့်ဖုန်းများနှင့် မိမိနေထိုင်ရာအိမ်ကို ဝင်ရောက်စီးနင်းရှာဖွေခံရချိန်နှင့်စစ်တပ်၏စစ်ဆေးရေးနေရာများတွင် ဒစ်ဂျစ်တယ် ဆက်သွယ်ချက်များကို ဝှက်ထားနိုင်သည့် Android app Second Space  များတွင်ကျယ်စွာအသုံးပြုလာခြင်းကိုလည်း မျိုးကထောက် ပြသည်။ အင်တာနက် တင်းကြပ်ခြင်းပြဿနာကိုဖြေရှင်းနိုင်မည့် စိတ်ကူးကောင်းများကိုလည်း လှုပ်ရှားတက်ကြွသူများက ထပ်မံရှာဖွေ နေလျက်ရှိသည်။ “ ‘StarLink ’ ကတော့အကောင်းဆုံးနောက်တနည်းဖြစ်မယ်ထင်တယ်” ဟု SpaceX မှ ဦးဆုံးလမ်းပြခဲ့သည့် ဂြိုလ်တု အင်တာနက် စံနစ်ကို မျိုးကရည်ညွှန်းခဲ့သည်။ မြန်မာပြည်သူပြည်သားများကို StarLink ပေးရန် တွစ်တာဖြင့်စည်းရုံး လှုံ့ ဆော်ပေးခြင်း ရှိခဲ့သည်။ ဤ နယ်ပယ်တွင် ဆယ်စုနှစ်တစ်ခုခန့် အလုပ်လုပ်ခဲ့သူ မျိုး အနေဖြင့်  “ယခု အကြပ်အတည်းကာလအတွင်းအဆိုးထဲက အကောင်း လို့ ဆိုရမှာက ဒစ်ဂျစ်တယ် လုံခြုံရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိမှုမြင့်တက်လာတာပဲနှစ်ပေါင်းများစွာမြန်မာ ပြည်ထဲကို စမတ်ဖုန်း တွေ ဝင်ရောက်ထိုးဖောက်လာတဲ့ နှုန်းက မြန်မာလူဦးရေရဲ့ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာသိနားလည်မှုနှုန်းကို ကျော်နေခဲ့တာ့အာဏာသိမ်းပြီးနောက်ပိုင်း ဒစ်ဂျစ်တယ် လုံခြုံရေးက အသက်ရှင်ရပ်တည်ရေးပညာတစ်ခု လိုဖြစ်လာတဲ့ဒစ်ဂျစ် တယ်လုံခြုံမှု့ အကြောင်းမသိရင် အပြင်ထွက်လို့မရဘူး” ဟုပြောပါသည်။ ထို့ကြောင့် ဆန္ဒပြပွဲများကို စိတ်ကူးယဉ်မဆန်ကြဖို့ သုံးသပ်ဆွေးနွေးသူအားလုံးကသတိပေးပါသည်။ အဲလက်စ်ပြောသကဲ့သို့ပင် “မြန်မာပြည်မှာဒစ်ဂျစ်တယ် အသိပညာဆိုတာ လိုအပ်ချက်အရမွေးဖွားလာတာဆန်းသစ်တည်ထွင်ယုံသက်သက်မဟုတ်ဘူး ” ဆန္ဒပြသူများအနေဖြင့် စစ်ကောင်စီ၏ စောင့်ကြည့် ထောက်လှမ်းနိုင်စွမ်း ကို ပိုသိဖို့လိုပြီး သို့မှသာ အွန်လိုင်းပေါ်တွင်အမြဲနေနိုင်မည့် နည်းလမ်းများကိုလည်း ရှာဖွေနိုင်မည် ဟု မျိုးက ဆက်လက်ထောက်ပြသည်။ ထိုအခါမှသာ အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဒစ်ဂျစ်တယ် ယဉ်ကျေးမှု့ ဆက်လက်တည်တံ့နိုင်မည် ဖြစ်သည်။

    ကမ္ဘာ့ ထိပ်တန်းနည်းပညာ ကုမ္ဗဏီကြီးများ နှင့် ထည့်ဝင်လှူဒါန်းသူများ ဘာဆောင်ရွက်ပေးနိုင်မလဲ

    နိုင်ငံတကာ အသိုင်းအဝိုင်း က တိုင်းပြည်၏အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများကိုသာအာရုံစိုက်နေစဉ်တွင်ပုဂ္ဂလိက ကဏ္ဍအနေဖြင့်  မြန်မာ့နိုင်ငံရေး လမ်းခရီးတွင် အရေးပါသောအခန်းမှဝင်ရောက် ပါဝင်နိုင်ကြောင်း သုံးသပ်ဆွေးနွေးသူများက  အလေးအနက်ပြောကြ သည်။ ” ကျွန်တော်တို့သိထားရမှာက နည်းပညာကုမ္ဗဏီကြီးတွေဆိုတာလက်ရှိအစိုးရထက်ပိုမကြီးတောင်မှ နီးပါး ကြီးမားကြတယ် ဆိုတာပါပဲ့့ဒါကြောင့် ဒီလုပ်ငန်းကြီးတွေရဲ့တာဝန်ခံမှုကို အစိုးရတွေ လို တန်းတူ ထားသင့်တယ့့်ကြားနေတယ်ဆိုပြီး စစ်တပ်က မကောင်းဆိုးဝါးလုပ်ရပ်တွေ လုပ်ချင်တိုင်းလုပ်နိုင်အောင်လမ်းဖွင့်ပေးနေတာကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပီ” ဟုအဲလက်စ် ကပြောပါ သည်။

    အချို့နည်းပညာ ကုမ္ဗဏီ တည်ထောင်သူများမြန်မာပြည်သို့လာရောက်ခဲ့ဖူးကြသည်။ ၂၀၁၈ ခုနှစ်တွင် တွစ်တာ၏ အမှုဆောင်အရာရှိချုပ် Jack Dorsey မြန်မာပြည်တွင် တရားစခန်း ဝင်ခဲ့ရာ  ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ဓါတ်ကိုဆွပေးသည့်လူမှုမီဒီယာကွန်ယက်၏ အခန်း ကဏ္ဍကို ပေါ်လွင်တောက်ပြောင်လာစေသည်ဟုသူပိုင်တွစ်တာပေါ်တွင်ပင် ဝေဖန်ခံရသည်။ အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး တွစ်တာ ကအချိန်အတော်ကြာ တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။တစ်တော့ခ် မှာ စစ်တပ်၏ဝါဒဖြန့်ချီရေးပို့စ်များ စီးဆင်းနေခြင်းကို စီမံ ထိန်းကွပ်ရန်မနည်း ရုန်းကန်နေရသည်။ “အေးဆေး ကောင်းမွန် နေတဲ့အချိန်တွေတုန်းကတော့ ကျွန်တော်တို့ဟာ သူတို့ကို သစ္စာရှိစွာ အားပေးခဲ့သူ တွေပေါ့ဒါနဲ့ပတ်သက်လို့ လူတိုင်းလည်းစိတ်ချမ်းသာကြပါတယ်၊ မြန်မာကလည်းဒီလုပ်ငန်းကြီးတွေကို အားပေးခဲ့တယ်၊ ကျွန်တော်တို့လည်းဒီဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်တက်ခဲ့ကြတယ်၊သူတို့အမြတ်အစွန်းတွေအများကြီးရခဲ့ကြတယ်၊ မြန်မာပြည်ဟာ ဒစ်ဂျစ်တယ်နဲ့ပတ်သက်လို့ထိခိုက်နစ်နာ လွယ်တယ်ဆိုတာမသိတာလား၊ ဂရုမစိုက်တာပဲလား မြန်မာပြည်မှာခြေကုပ်ရသွား ခဲ့ကြတယ်။ အခု အခြေအနေတွေကပြောင်းပြန်ဖြစ်ကုန်ပီ၊ (ဒီဂျစ်တယ် ပလက်ဖောင်းတွေကို) ကျွန်တော်တို့ဖက်မှာရပ်တည်စေချင်တယ်။ ဒီတော့ မေးခွန်း က- သူတို့ဘယ်မှာရပ်တည်မှာလဲ “ ဟုအဲလက်စ်ကပြောပါသည်။

    မြန်မာနိုင်ငံ၏ အင်အားအကြီးဆုံး လူမှုမီဒီယာဖြစ်သည့် ဖေ့စ်ဘွတ်ခ် မှာအခြား လူမှုမီဒီယာကုမ္ဗဏီကြီးများထက်ပိုမိုခက်ခဲ ရှုပ်ထွေးသည့် အခြေအနေတွင်ရှိနေပါသည်။ လေ့လာသူများက ၂၀၁၃ ခုနှစ်တွင် ဖေ့စ်ဘွတ်ခ် စာမျက်နှာများပေါ်၌ ရိုဟင်ဂျာဆန့်ကျင်ရေး သဘောထား များတွေ့မြင်နေရသည်ကို သတိပေးခဲ့သော်လည်း သူတို့က အလေးအနက်မထားခဲ့ပါ။ ၂၀၁၅ နှစ်ဆန်းတွင် ဖေ့စ်ဘွတ်သုံးသူမြန်မာ ၇သန်းကျော်ရှိသော်လည်း မြန်မာစကားတတ်သူ ၂ ဦး သာ အကြောင်းအရာဖတ်ရှလေ့လာစောင့်ကြည့်သူအဖြစ်ခန့်ထားခဲ့သည်။ အန္တရာယ်ဖြစ်စေသည့် အကြောင်းအရာများကိုဖေ့စ်ဘွတ်ခ်၏ အလိုအလျောက် စုံစမ်းထောက်လှမ်းသည့်စံနစ် က မြန်မာဘာသာဖြင့် အလုပ်မဖြစ် နိုင်ပေ။ ရိုဟင်ဂျာ( ၇) သိန်းရခိုင်ပြည်နယ်မှစွန့်ခွာ ထွက်ပြေးပြီးနောက်ပိုင်း ကုလသမဂ္ဂ အချက်အလက်မှန်ဖော်ထုတ်ရေး အဖွဲ့ကဖေ့စ်ဘွတ်ခ်သည်အမုန်းတရားများပျံ့ပွားအောင်လုပ်ရာတွင်အသုံးတည့်သော အရာဖြစ်သည်ဟု ၂၀၀၈ တွင် အစီရင်ခံတင်ပြ  သောအခါမှ သာ ဆတ်ဆတ် ထိသွားခြင်းဖြစ်သည်။ ယခု စစ်ကောင်စီခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်လည်း ထိုအချိန်နောက်ပိုင်းတွင် ဖေ့စ်ဘွတ်ခ်မှ ဖယ်ရှား ခံလိုက်ရပြီး နိုင်ငံတစ်ခု၏ စစ်တပ် သို့မဟုတ် နိုင်ငံရေးအကြီးအကဲတစ်ဦးအား ပထမ ဦးဆုံး တားမြစ်ပိတ်ပင် လိုက်ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သည် သူ၏အမှားများမှ သင်ခန်းစာရခဲ့ပြီ ဟု Saijai နှင့် မျိုး တို့ကသတိရှိစွာဖြင့်အကောင်းမြင်ဝေဖန် ခဲ့ကြပါသည်။ ဖေ့စ်ဘွတ်ခ်၏ ချဉ်းကပ်ပုံ ၃မျိုး ကို Saijai က အကောင်းဖက်မှမြင်ကြည့်ပါသည် -၎င်းတို့မှာ စစ်တပ်၏ကြမ်းတမ်း ရက်စက်မှုများနှင့်ဆိုင်သည့်ပို့စ်များကိုဖြုတ်ချခြင်း၊ စစ်တပ်နှင့်ပတ်သက်သည့်သူများ နှင့် တပ်ပိုင်စီးပွားရေးလုပ်ငန်းများ၏အကောင့်ကို တားဆီးထားခြင်း၊နှင့် မိမိအကြောင်းပရိုဖိုင်းလ်ကို သေ့ာခတ် သိမ်းထားနိုင်သည့် တီထွင်ဖန်တီးမှု့အသစ် ပါရှိခြင်းဖြင့် မိတ်ဆွေ မဟုတ်သူ များမှတစ်ဦးတစ်ယောက်၏ပို့စ်များဓါတ်ပုံများကိုဝင်ရောက်ကြည့်ရှုခြင်းမှာကာကွယ်ပေးထားခြင်းတို့ဖြစ်သည်။ နိုင်ငံအတွင်း ဒစ်ဂျစ်တယ် အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများနှင့် ဖေ့စ်ဘွတ်ခ် က တိုင်ပင်ဆွေးနွေးခြင်းကို ဝမ်းသာရသည်ဟု မျိုးကလည်းပြောပါသည်။

    သို့သော် ယခုသုံးသပ်ဆွေးနွေးပွဲအပြီး တပါတ်အကြာတွင် ဖေ့စ်ဘွတ်ခ် ၏ အယ်လ်ဂိုရစ်သမ် များမှမြန်မာပြည်အတွင်းထိခိုက်နစ်နာ စေသည့်အကြောင်းအရာများကိုမည်သို့မည်ပုံ ဆက်လက်တင်ပြနေကြောင်း အစီရင်ခံစာ ကိုGlobal Witness မှ ထုတ်ပြန်ခဲ့သည်။  မြန်မာစစ်တပ်ကိုထောက်ခံသောအကြောင်းအရာများ၊ အချို့ သော ဆန္ဒထုတ်ဖော်သူများ၏ အမည်၊ဓါတ်ပုံနှင့်တကွ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမှုများကျယ်ကျယ်လောင်လောင် ပျံနှံ့နေသည်ကို ဖေ့စ်ဘွတ်သုံးသူများမှ အလွယ်တကုူ ကြည်ရှု့နိုင်ကြောင်း Global Witness မှ မှတ်တမ်းပြုထားသည်။ ထိုသို့အကြောင်းအရာများမှာ ဖေ့စ်ဘွတ်ခ်မှလိုက်နာပါသည်ဟုပြောသည့် လူ့မှုကျင့်ဝတ်စံနှုန်း လေးစားခြင်း ကိုဆန့်ကျင်ဖောက်ဖျက်နေသည်။ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာကဏ္ဍ နှင့်ဖေ့စ်ဘွတ်ခ်အပါအဝင်၊ မည်သူမဆို လူမှုမီဒီယာကွန်ယက်မှတဆင့်  အများ ပြည်သူအပေါ်သက်ရောက်စေသည့် ဂယက်မှာ မည်မျှအထိတာသွားသည်ကို အပြည့်အစုံသိနိုင်ရန် ခက်ခဲကြောင်း ဤအရှုပ်အထွေးများက  ပြနေသည်။ Saijai နှင့် မျိုးတို့မှ ထောက်ပြ သွားသည့် အာရုံစိုက်ရမည့် ဗျူဟာများ မှာလုံးဝ ဖြစ်နိုင်ချေရှိသော်လည်း သူ့ကိုယ်ပိုင်အယ်လ်ဂိုရစ်သမ်ဖြင့်ပင် ဖေ့စ်ဘွတ်ခ် မှာပြန်ပြီး ဒုက္ခရောက် နေရဆဲဖြစ်သည်။ယခုသုံးသပ်ဆွေးနွေး ပွဲတွင် အချိန်မရသည့်အတွက် တိုင်းရင်းသားပဋိပက္ခနှင့် ဖေ့စ်ဘွတ်ခ် တို့ဆက်စပ်မှု့အကြောင်းမဆွေးနွေးလိုက်ရပေ။ ထိုကိစ္စမှာလည်း ပိုရှုပ်ထွေးသည့်အကြောင်းအရာများနှင့် ပြည့်နေဦး မှာဖြစ်ပြီး သတင်းအချက်အလက်မပြည့်စုံခြင်းကလည်း ရှိနေသေးသည်။ အာဏာသိမ်းသည့်အချိန်မတိုင်မီက လေ့လာသူများ မှာ ရိုဟင်ဂျာအကြောင်း ကိုသာ မလွတ်တမ်းပြောနေကြပြီး စစ်ဒဏ်ခံ အခြားတိုင်းရင်းသား အုပ်စုများအပေါ် လူမှုမီဒီယာကွန်ယက်နှင့် အင်တာနက်တို့ ၏ သက်ရောက်မှုကိစ္စ ကို ကျော်သွားကြသည်။ ထို့ကြောင့် နည်းပညာခေါင်းဆောင်များ အနေဖြင့် သူတို့အချင်းချင်းအကြားသော်လည်းကောင်း၊သူတို့နည်းပညာကိုအသုံးပြုသူ ဖောက်သည် များ အကြားသော်လည်းကောင်း၊ အာဏာ အကြီးအကျယ် မညီမမျှ ဖြစ်နေခြင်းကို နည်းပညာခေါင်းဆောင်များမှ ကုစားဖို့ အဓိကအရေးကြီးကြောင်း စဉ်းစားရန်အဲလက်စ်က ထောက်ပြသွားသည်။ နည်းပညာကုမ္ဗဏီများ အနေနှင့်  အာဏာမညီမျှမှုကို အစဉ် အလေးအနက်ထားစဉ်းစားသည့် နေရာတွင်ရှိသင့်ပြီး  သူတို့နည်းပညာကိုသုံးစွဲသူများ၏ အသံကိုလည်းနား ထောင်နိုင်သင့်သည်။ ပထမ ခြေလှမ်းအနေနှင့် မြန်မာနိုင်ငံမှတိုင်းရင်းသား ဘာသာစကားများတတ်ကျွမ်းသူတို့ကို ငှားရမ်းပြီး နိုင်ငံတဝှမ်း ဒစ်ဂျစ်တယ် အခွင့်အရေးဆိုင်ရာအဖွဲ့များနှင့်ချိတ်ဆက်စေရမည်။

    နောက်ဆုံးအနေနှင့် အခက်အခဲကြားမှထွက်မသွားကြဖို့လည်း ပါဝင်လှူဒါန်းသူများကို Saijai ကတောင်းဆိုလိုက်ပါသည်။ ရှေ့ပိုင်းက ဆွေးနွေးသွားချက်များမှာ မြန်မာနိုင်ငံ၏ အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်ဒစ်ဂျစ်တယ်ယဉ်ကျေးမှုမှာသူ့ချည်း သက်သက် ဖြစ်ထွန်း ပေါ်ထွက်လာသည်မဟုတ်၊ သို့သော် အာဏာသိမ်းစစ်တပ်၏ပုံနှိပ်မီဒီယာချုပ်ကိုင်မှုကို တုန့်ပြန်ရင်း၊ ဒီဂျစ်တယ်ခေတ် အတွက်တံခါးဖွင့် ထားခြင်း နှင့်မြန်မာပြည်မှ ဆန္ဒဖော်ထုတ်သူတို့၏ဇွဲနပဲ ကြောင့်သာလျှင်ဖြစ်သည်။ ထိုနည်းတူစွာ အာဏာသိမ်းခြင်းကိုဆန့်ကျင်သည့် ဒစ်ဂျစ်တယ်ယဉ်ကျေးမှုတည်တံ့ခိုင်မြဲရေးမှာ လူထုတရပ်လုံး ကျန်းမာရေးကောင်းမွန် ရန်နှင့် ဖန်သားပြင်ကမ္ဘာ၏အပြင်ဖက်တွင် အသက်မွေးဝမ်းကျောင်း အလုပ်များ ဆက်လက်ထိန်းထားနိုင်ရေးတို့အပေါ်တွင်မူတည်သည်။ ဥပမာ စစ်ကောင်စီ ပညာရေးစံနစ် မဟုတ်သည့်Virtual Federal University နှင့် Spring University Myanmar ကဲ့သို့ အသစ်ပေါ်ပေါက်လာသော အခြားနည်းများ ဖြင့်လူအများ ပညာသင်ယူနိုင်ရန်မှာ VPN နှင့်စမတ်ဖုန်းများအတွက်ငွေကြေးအကုန်အကျခံနိုင်ခြင်းပေါ်မူတည်နေသည်။ လောလော ဆယ်ရှိနေသည့် အသိပညာ ကွာဟချက်များကို ဖြည့်ပေးရန်လိုအပ်ကြောင်း ကိုလည်း သုံးသပ်ဆွေးနွေးသူများမှ အရေးတကြီးပြောဆို ကြသည်။ နိုင်ငံ၏ စောင့်ကြည့်ထောက်လှမ်း နိုင်သည့် စွမ်းရည်  နှင့်  အာဏာသိမ်းပြီး ကာလ မြန်မာ့လူ့အဖွဲ့အစည်း နှင့်စီးပွားရေးတွင် နည်းပညာ ကုမ္ဗဏီများ ၏အခန်းကဏ္ဍ ကို စစ်ဆေးရန်  ငွေကြေးထည့်ဝင်သူများ ကို ငွေကြေးထောက်ပံ့ ဖို့တောင်းဆိုကြပါသည်။  ငွေကြေးထည့် ဝင်လှူဒါန်းသူများစွန့်ခွာသွားကြခြင်းမပြုပဲ လိုက်လျောညီထွေရှိသင့်ပြီး၊ ငွေသားရရန်အခက်အခဲအပါအဝင်ပြောင်းလဲ နေသည့် နိုင်ငံရေးအခြေအနေ ကိုတုန့်ပြန်ရန်   ပြောင်းလွယ်ပြင်လွယ်အနေအထားတွင် နေသင့် ပါသည်။ ”မြေပြင်မှာ တကယ် ကောင်းကောင်းမွန်မွန် ဆောင် ရွက်နေကြတဲ့ အဖွဲ့အစည်းတွေအများကြီးရှိပါတယ်”ဟု Saijai ကပြောပါသည်။ ထိုအဖွဲ့အစည်းများ တဖွဲ့နှင့်တဖွဲ့ ချိတ်ဆက်နေနိုင်မည်လော၊ အဖွဲ့အစည်းကိုလူထုက ဆက်သွယ်နိုင်မည်လော ဆိုသည်ကမေးစရာဖြစ်ပါသည်။

    (Featured image courtesy of @new.songje).

    Shona Loong သည် အောက်စ်ဖို့ဒ်တက္ကသိုလ် မှ ကရင်ပြည်နယ်အတွင်း လူမျိုးရေးဆိုင်ရာလေ့လာမှု ဘာသာရပ် တွင် အရပ်ဖက်အဖွဲ့အစည်းနှင့် ပဋိပက္ခအလွန် ဖွံ့ဖြိုးမှုများ ဖြင့် DPhil ဘွဲ့မကြာခင်ကရရှိထားသူဖြစ်သည်။ သူမ၏ သုတေသနလုပ်ငန်းများတွင် ရွှေ့ပြောင်း နေထိုင်ခြင်း ၊ငြိမ်းချမ်းရေး နှင့် လူမျိုးရေးပဋိပက္ခ တို့ကျယ်ပြန့်စွာ ပါဝင်သည်။ လက်ရှိတွင်  SecDev Foundation ၏ သုတေသန အကြံပေးဖြစ်သည်။ အလွန်တရာ အန္တရာယ်များပြီး ခက်ခဲသည့်အခြေအနေတွင် မိမိတို့၏အမြင်များကိုမျှဝေပေးပါသော သုံးသပ်ဆွေးနွေးသူ (၃) ဦးကို သူမ မှကျေးဇူးတင်ရှိပါသည်။

    ဤဆောင်းပါးကို လဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှမြန်မာဘာသာသို့ပြန်ဆိုပါသည်။

     Notes

    [1] ပါဝင်ဆွေးနွေးသူ(၃)ဦးစလုံးကသူတို့၏နာမည်ကို ယခုဆောင်းပါးတွင်ဖော်ပြရန်သဘောတူချက်ပေးခဲ့ပါသည်။

    [2]  ပိတ်ပင်ခံထားရသော ဝက်ဘ်ဆိုက်များကို ဖြူဖြူကျော် စိစစ်လေ့လာထားသည်မှာ Open Observatory of Network Interference မှ သုတေသနပြုချက်များကိုအခြေခံထားခြင်းဖြစ်သည်။