4 Minutes To Read

ကိုဗစ်-၁၉  နှင့် မြန်မာရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လူငယ်တို့၏  တက်ကြွ လှုပ်ရှား မှု

4 Minutes To Read
  • English
  • တွေ့ရခဲသော လူငယ်တို့၏ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ တက်ကြွလှုပ်ရှား မှု့နှင့် အရွေ့တစ်ခု စတင်ရန်အတွက် လှမ်းသင့်သောခြေလှမ်းများအကြောင်းကို ပန်းနုဇော်မှ  ဆွေးနွေးထားပါသည်။

    ယခုပို့စ်၏မူရင်းကို ၂၀၂၀ စက်တင်ဘာ ၈ရက်နေ့တွင်ဖော်ပြခဲ့ပါသည်။ အင်္ဂလိပ်ဘာသာ ဖြင့်ဒီမှာ ဖတ်ရှုနိုင်ပါသည်။

    မြန်မာနိုင်ငံ၏ နစ်နာဆုံးရှုံးနိုင်ခြေများသော၊ ထိခိုက်လွယ်သော အခြေအနေများကိုသတိပြုမိရန်ကို ဗစ်-၁၉  ကသတိပေးလိုက်ခြင်းပင်ဖြစ်သည်။ လူထုကျန်းမာရေး၊ အလုပ်သမားအခွင့်အရေး၊ ရွှေ့ ပြောင်း အခြေခြခြင်း၊ နှင့်မျှော်လင့်မထားသည့် ရာသီဥတုပြောင်းလဲခြင်းတို့အကြောင်း ဆွေးနွေး စရာ များဖြစ်ပေါ်လာစေသည်။ ဆယ်စုနှစ်များစွာအတွင်းလူတို့သည်အသန့်ရှင်းအလတ် ဆတ်ဆုံး လေ ကိုရှူခဲ့ကြသည်၊ ကြည်လင်နေသည့်ကောင်းကင်ကိုမြင်တွေ့ခဲ့ကြသည်၊ မြင်ကွင်းမှ ကွယ်ပျောက်သွားပြီ ထင်ခဲ့သော  အဝေးမှတောင်တန်းကြီး များကို မျက်စေ့တဆုံးပြန်မြင်ခဲ့ရသည်။ တောရိုင်းတိရိစ္ဆာန် တို့လူနေအိမ်များအနီးရောက်လာခဲ့ကြသည်။ ဤ သည်မှာ သဘာဝတရား နယ်ပယ်အတွင်းသို့ခေတ်မီ လူနေမှု့ဘဝက မည်မျှတိုးဝင် လာသည်ကိုအခြားတဖက်မှသတိပေးနေသော စာရင်းများပင်ဖြစ်သည်။ မြန်မာပြည်မှာ တွင်သာ မကကမ္ဘာတဝှမ်းမှာပါ နေ့စဉ်ဘဝနှင့်စီးပွားရေး လုပ်ငန်းများ သည် ရာသီဥတုပြောင်းလဲမှုကို မည်မျှနက်ရှိုင်းစွာ ဖြစ်ပေါ်စေသည်ကို ကိုဗစ်-၁၉  ကပ်ရောဂါမှလှစ်ဟပြလိုက်ခြင်းဖြစ်သည်။

    ရာသီဥတုပြောင်းလဲမှု့နှင့်ပတ်သက်သည့်အကြောင်းအရာကိုလှစ်ဟပြခြင်းသည် အထူးသဖြင့် ရာသီ ဥတုပြောင်းလဲသည့် ဒဏ်ကို ယခုမှစ ၍ နောင်နှစ်ပေါင်းများစွာ အကြီးအကျယ်ခံစားရမည့် လူငယ်ထုမှ အရေးယူဆောင်ရွက်ခြင်းများ၊ထောက်ခံ ပြောဆိုမှုလှိုင်းတံပိုးအသစ် များဖြစ်လာရန် တွန်းအား ပေးလိမ့်မည်ဟုထင်စရာဖြစ်ပေသည်။သို့ရာတွင်လူငယ်ထုများအကြားရာသီဥတုပြောင်းလဲမှု့နှင့်ပတ်သက်သည့်တက်ကြွလှုပ်ရှားမှုများတိုးမြှင့်ဆောင်ရွက်ရန်အဖွဲ့အစည်းများ ရှိပါသလား၊ ကျယ်ကျယ် ပြန့်ပြန့်သိရှိနားလည်ကြပါသလား၊ ဆိုသည်မှာတော့ရှင်းရှင်းလင်းလင်းမရှိပါ။ မြန်မာနိုင်ငံတွင် လူငယ် များအကြား ရာသီဥတုပြောင်းလဲမှုဆိုသည့်အကြောင်းအရာမှာ အစွန်အဖျားမှ အရာတစ်ခု လို ဖြစ်နေရသည့်အကြောင်းများစွာရှိပါသည်၊ အဘယ်ကြောင့်ဆိုသော်  ထိုအကြောင်းအရာထက် လော လောဆယ် ပို၍ပူပန်နေရသော ကိစ္စများရှိနေသောကြောင့်ဖြစ်သည်။ နေ့စဉ်နှင့်အမျှ ကြုံတွေ့ နေ ရသော လတ်တလော စိုးရိမ်ပူပန်မှုများကိုကျော်လွှားနေရသဖြင့်  ရာသီဥတုပြောင်းလဲခြင်း ဆိုသည်မှာ ရုတ်တရက်ကြုံရလျှင်ဖြစ်စေ ရေရှည်တွင်ဖြစ်စေ ဆိုးရွားသောအကျိုးဆက်များကိုခံစားရမည်မှန် သော်လည်း ထိုအကြောင်းကို နောက်မှစဉ်းစားမည့်အရာအဖြစ်ထားလိုက် ကြသည်။ ကပ် ရောဂါ ကာလအတွင်း ယခုအခိုက်အတန့် သည် လက်ရှိအခြေအနေကိုပြောင်းစေနိုင်ပြီး လူငယ်တို့ ဆောင်ရွက်ဖွယ်ရာကိစ္စရပ်များတွင်ရာသီဥတုပြောင်းလဲခြင်းကိုအဓိကလုပ်ဆောင်ရန်အဖြစ်သတ်မှတ်ရန် အခွင့်အရေးပေးနေသောကာလဖြစ်သည်။

    Global Climate Risk Index 2020  ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ်ညွှန်းကိန်း ၂၀၂၀ အရ မြန်မာနိုင်ငံသည်ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲခြင်းဒဏ်ကို ဒုတိယအများဆုံးခံစား ရမည့် တိုင်းပြည်ဖြစ်သည်ဟုဆိုသည်။ မြန်မာနိုင်ငံသည်ရာသီဥတုပြောင်းလဲခြင်းဒဏ်ထိခိုက်ခံစားရသည့် လက်ရှိတွင်ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံနီးပါးအခြေအနေ ဖြစ်ပြီး ရေရှည်တည်တံ့သည့်ဖွံ့ဖြိုးတိုးတက်မှု များလိုလားပါက ယင်းပြဿနာကိုအမြန်ဆုံးဖြေရှင်းရမည်ဖြစ်သည်။ ဖွံ့ဖြိုးတိုးတက်ရေးကိုဦးစားပေး ခဲ့သဖြင့် မြန်မာနိုင်ငံသည် တိုးလာသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများနှင့်ရင်ဆိုင်နေရသည်။ ထိုအရာအားလုံး၏နောက်ဆုံးရလာဒ်မှာ မြန်မာနိုင်ငံသည်ရာသီဥတုပြောင်းလဲခြင်း၏အကျိုးဆက်များ ထဲမှတစ်ခုဖြစ်သော  ရာသီဥတုအပူအအေးလွန်ကဲခြင်းဖြစ်စဉ်များ ကို မလွဲမသွေခံစားရမည်ဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုအန္တရာယ်ညွှန်းကိန်း ၂၀၂၀ အရ ၁၉၉ ၈ မှ၂၀၁၈ ခုနှစ်အထိ လူပေါင်း ၇၀၅၂ ဦးသေဆုံးခဲ့ရသောရာသီဥတုလွန်ကဲမှုဖြစ်စဉ် ၅၅ ခုရှိခဲ့သည်။ ယင်းတို့မှာကမ္ဘာပေါ်တွင် အမြင့်ဆုံး ကိန်းဂဏန်းဖြစ်သည်။ ကြီးမားသည့်သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရခြင်းကို လျှော့ချနိုင်ရန်နှင့် ပိုမို ကြံ့ခံနိုင်ရည်ရှိစေရန် ရပ်ရွာလူထုနှင့်အစိုးရတို့မှ ညှိနှိုင်းဆောင်ရွက် ရန်လိုပြီးကာကွယ်ရန်၊ တုန့်ပြန်ရန်၊နှင့် ရာသီဥတုပြောင်းလဲခြင်းနှင့်ဆက်စပ်နေသော အကြပ်အတည်းများမှရုန်းထနိုင်ရန် ပြင်ဆင်ရမည်ဖြစ်သည်။ ၂၀၀၈ခုနှစ်တွင်ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်း ကိုမြန်မာနိုင်ငံအနေနှင့်အသင့် ပြင်ဆင်ခဲ့ခြင်း မရှိသည်မှာထင်ရှားသည်။ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေရှိသော နေရာများ တွင် အန္တရာယ်လျှော့ချရေး အရေးပါ ပုံကို နာဂစ်အဖြစ်ဆိုး မှ သင်ခန်းစာယူပြီး ကြပြီလားဟု ဤ တွင်မေးရမည် ဖြစ်သည်။

    မြန်မာပြည် ၌ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတက်ကြွလှုပ်ရှားမှုတွင် လူငယ်များသည် ကြားခံ ဆက်စပ်ပေးသူ များဖြစ်ဖို့လိုသည်။ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံသည်လူငယ်များဖြစ်သည်။ URBANIZE မှ ပြုစုသောတရုပ်-မြန်မာ စီးပွားရေးပိုးလမ်းမပေါ်မှ ဘဝနှင့် နိုင်ငံရေး လေ့လာ သုံးသပ်မှုစီမံကိန်း၏တစ်စိတ်တစ်ပိုင်းအနေနှင့် ၂၀၁၉ -၂၀၂၀ အတွင်း ကျောင်းသားများ၊ ဆေးလောကမှကျွမ်းကျင်ဝန်ထမ်းများ၊ ကျောင်းဆရာ၊ဆရာမ များ၊အစိုးရမဟုတ်သောအဖွဲ့အစည်းများ နှင့်နိုင်ငံ့ဝန်ထမ်းများကိုတွေ့ဆုံမေးမြန်း ပြီး ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာတက်ကြွလှုပ်ရှားမှုများတိုး မြှင့် လုပ်ဆောင်ရာတွင် တွေ့ရှိရသည့်အခက်အခဲနှင့်အခွင့်အရေးများ၊ ရာသီဥတု ပြောင်းလဲ ခြင်း အပေါ်နားလည်သိရှိမှု တို့ကို အကဲဖြတ်စေခဲ့သည်။ ထိုတွေ့ဆုံမေးမြန်းခြင်းများ သည် ၂၀၁၆၂၀၁၇ နှင့် ၂၀၂၀ အတွင်း ရရှိသည့်  မြန်မာလူငယ် ၄၀၀၀ ကို စစ်တမ်း ကောက်ယူထားသည့် U-Report တွေ့ရှိချက်များကိုထင်ဟပ်စေသည်။ ယင်းတို့မှာရာသီဥတုပြောင်းလဲခြင်းကိုလူငယ်အများစုကသိရှိကြ သည်၊ သူတို့ပတ်ဝန်းကျင်တွင်ပြောင်းလဲနေသည်ကိုလည်းသတိပြုမိကြသည်၊ U-Report မေးခွန်းများကို ဖြေကြားကြသူများအနက် ၉ဝ%သည် ရာသီ ဥတုပြောင်းလဲခြင်းသည် အရေးကြီးကြောင်းအသိအမှတ်ပြုကြပါသည်။ သို့သော် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ တက်ကြွလှုပ်ရှားမှုများသည် ယခုအချိန်အထိ အရေးစိုက် မခံရသေးပဲစည်းဝိုင်း အစွန်ရောက်နေဆဲဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်းရင်းများစွာရှိပါသည်။

    လူငယ်ထုမှ ရာသီဥတုပြောင်းလဲခြင်းကိုသိရှိနားလည်နေသော်လည်း သိနားလည်ပုံကွာဟချက် များရှိနေသည်။ သူတို့နေ့စဉ်နေထိုင်ပြုမူဆောင်ရွက်ပုံက ရာသီဥတုကိုမည်သို့ပိုမိုဆိုးရွားစေသည်ကို သတိထားမိသူကရှားသည်။ ထို့ကြောင့် ရာသီဥတုပြောင်းလဲခြင်းသည် သူတို့မည်သို့မျှ ချုပ်ကိုင် လွှမ်းမိုးနိုင်သောအရာမဟုတ်ဟုတွေးကောင်းတွေးလိမ့်မည်။ အစိုးရနှင့်အစိုးရမဟုတ်သော အဖွဲ့အစည်း များမှ သုတေသနပြု ၍ သော်လည်းကောင်း၊စည်းရုံးရေး၊ လှုပ်ရှားမှု့ တရပ်ရပ် အနေနှင့် သော်လည်းကောင်းလုပ်ဆောင်ချက်များ အကန့်အသတ်ရှိခြင်း သို့မဟုတ် လုံးဝမရှိခြင်းတို့ကြောင့် စိတ်ဝင်စားသည့်လူငယ်များအနေနှင့်အဓိက ပြဿနာများအတွက်သတင်းအချက်အလက် ရယူရန် အတော်လုံးပန်းနေရသည်။ ရာသီဥတုပြောင်းလဲမှုနှင့်ပတ်သက်သည့် မူဝါဒများ၊ မဟာဗျူဟာများ၊ အကောင်အထည်ဖော်ရန်နည်းလမ်းများအစိုးရတွင်ရှိသော်လည်း ကျောင်းသား၊ လူငယ်နှင့်  အများ ပြည်သူမှအလွယ်တကူ လေ့လာသိရှိ နိုင်ရန်မြှင့်တင် လုပ်ဆောင်ထားခြင်းမရှိချေ။ တွေ့ဆုံ မေးမြန်းသည်ကိုဖြေကြားသူများ က  အထက်ပါ မူဝါဒများ၊မဟာဗျူဟာများ သို့မဟုတ် အကောင် အထည်ဖော်ရန်နည်းလမ်းများ မြန်မာနိုင်ငံတွင် မရှိဟုယူဆကြပါသည်။

    ယခုလက်ရှိ Myanmar Climate Change Action Plan 2016 – 2030  မှာလည်းပြောဆိုဆွေးနွေးသူမရှိသလောက်ဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းအကြောင်း၏တစိတ်တပိုင်းမှာ ထိုစီမံကိန်းကို စီစဉ်ရေးဆွဲရာတွင် သို့မဟုတ်အကောင်အထည်ဖော်ရာတွင် အရပ်ဖက်အဖွဲ့အစည်းများ ပါဝင်စေခြင်းမရှိခဲ့သောကြောင့်ဖြစ်သည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းများဖက်မှပို၍ ထဲထဲ ဝင်ဝင်ပါဝင်ဆောင်ရွက်လိုသော်လည်း ချိတ်ဆက်ဆောင်ရွက်ရန်အခွင့်အလမ်းမရှိ ဟုပြောကြား ပါသည်။ အစိုးရဌာနတစ်ခုမှ ဖြေကြားသူတစ်ဦးက ယခုပြဿနာကို ယေဘုယျသဘော ခြံငုံ ပြောကြားသည် – 

    မြန်မာပြည်မှာ လူထုက ရာသီဥတုပြောင်းလဲမှု ကိုအကြမ်းဖျင်း ဗဟု သုတ တော့ရှိကြပါတယ်၊ သူတို့ပတ်ဝန်းကျင်မှာမိုးလေဝသပြောင်းလဲတာတွေ သတိထားမိ ကြတယ်၊ ရေကြီးတာ၊ အပူလွန်ကဲတာ၊ မိုးခေါင်ရေရှားတာသူတို့ခံစားရပါတယ်၊ဒါပေမယ့်ဒီလို အခြေအနေ တွေဘာကြောင့်ဘယ်လိုဖြစ်ရတယ်ဆိုတာကိုစံနစ်တကျဗဟုသုတတော့မရှိကြဘူး။ အစိုးရ အဖွဲ့အစည်း ကဝန်ထမ်းတွေတောင် အဲဒီလောက်အဆင့်ထိနားမလည်ကြဘူး။ မဟာဗျူဟာ၊ မူဝါဒနဲ့ အကောင် အထည်ဖော်ရမယ့်လုပ်ငန်းစဉ်အကြောင်းလည်းနဲနဲပဲသိကြတယ်။ တနိုင်ငံလုံး နဲ့စံနစ်ကြီး တခုလုံး ရာသီ ဥတုပြောင်းလဲခြင်းဆိုင်ရာအသိပညာပေးဖို့လိုနေပါတယ်။

    တွေ့ဆုံးမေးမြန်းရာတွင် အစိုးရဌာနများအနေနှင့် ထိရောက်မှုရှိသည့်ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာ ပညာပေးခြင်းနှင့်အရေးယူဆောင်ရွက်ခြင်းများလုပ်ဆောင်ရာတွင်အတားအဆီးများစွာ ကြုံရကြောင်း ပြောကြသည်။ အစိုးရတွင် ရာသီဥတုဒဏ်ခံနိုင်ရန် တိုးမြှင့်လုပ်ဆောင်ရမည့် အင်အား၊ဘတ်ဂျက် နှင့် နည်းပညာ လိုနေသည်။ ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းခြင်းပူးပေါင်းဆောင်ရွက်ခြင်းများလည်းမရှိပါ။ အစိုးရဌာနများရှင်းပြချက်အရရာသီဥတုပြောင်းလဲခြင်းကိုတုန့်ပြန်ရာတွင်ပိုမိုခက်ခဲရှုပ်ထွေးစေသည့် ဆင်းရဲမွဲတေမှု့၊ပညာရေးအဆင့်အတန်း၊ရွှေ့ပြောင်းအခြေချခြင်း၊နှင့်တိုင်းပြည်တွင်းမငြိမ်သက်မှုများ ကဲ့သို့ကြီးမားကျယ်ပြန့်သည့် စိမ်ခေါ်မှုများလည်းရှိသေးကြောင်းပြောသည်။

    ရာသီဥတုပြောင်းလဲခြင်း နှင့်ပတ်သက်သည့်လုပ်ငန်းများ ကိုတိုက်ရိုက်သော်လည်းကောင်းသွယ်ဝိုက်၍ သော်လည်းကောင်း ဆောင်ရွက်နေရသည့် အစိုးရမဟုတ်သောအဖွဲ့အစည်းများတွင်လည်းသူတို့ အခက် အခဲကိုယ်စီ ရှိကြ သည်။ တွေ့ကြုံရင်ဆိုင်ရလေ့ရှိသောအတားအဆီးများမှာ ဘဏ္ဍာ ငွေကြေး မရှိခြင်း၊ ပြည်သူလူထု သိရှိမှု နဲပါးခြင်း၊ အစိုးရနှင့်ချိတ်ဆက်ဆောင်ရွက်ရန် အဟန့်အတားများရှိခြင်း၊ နှင့် အများတကာ စိတ်ဝင် စားမှုမရှိခြင်းမှာလည်း ငြိမ်းချမ်းရေး၊ ဆင်းရဲမွဲတေမှု၊ နိုင်ငံရေး အပြောင်းအလဲ၊အကြမ်းဖက်မှု၊တရားဥပ ဒေစိုးမိုးရေး၊တို့ နှင့် အလုပ်အကိုင်ရရှိမှု၊ ရခိုင်ပြည်နယ်နှင့် လိင်စိတ်ခံယူချက်ကွဲပြားသူများ ကဲ့သို့ ပြဿနာများအပေါ်တွင် အာရုံစိုက်နေ ရသည်ကို နားလည် နိုင်ပါသည်။ မိုးခေါင်ရေရှားခြင်း သို့မဟုတ် ရေကြီးခြင်း ကဲ့သို့ဆိုးကျိုး များကို လူငယ် တစ်ဦးမှတိုက်ရိုက်တွေ့ကြုံခံစားရသည်ဆိုစေဦးတော့ သူတို့၏ အာရုံစိုက်မှုမှာ သူတို့အလုပ်အကိုင် နှင့်သူတို့မိသားစုအသိုင်းအဝိုင်း ကျန်းမာကောင်းမွန်စွာ နေထိုင် နိုင်ရေးပင်ဖြစ်သည်။

    ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာသတင်းအချက်အလက်ဖြန့်ဝေရာတွင်လည်း နည်းပညာပိုင်းအခက်အခဲ  ရှိသေးသည်။    ကမ္ဘာတဝှမ်းမှ  ရာသီ ဥတုပြောင်းလဲမှု အတွက်တက်ကြွလှုပ်ရှားသူများက Facebook, Twitter, Instagram and WhatsApp ကဲ့သို့ လူမှုကွန်ယက်များကို အများတကာသိနားလည်ရန် နှင့် ပြုမူနေထိုင်ပုံပြောင်းကြရန် နှိုးဆော် ရေးအတွက် အထူးအလေးထားသုံးစွဲနေရသည်။ မြန်မာနိုင်ငံမှ ထိုလူမှုကွန်ယက်များကိုစတင်အသုံးပြုနေပြီဖြစ်သော်လည်းရာသီဥတုပြောင်းလဲမှုဒဏ်ခံရသည့်လူငယ် ထုမှ အသုံးပြုနိုင်မည့် အားကိုးထိုက်သည့် နည်းလမ်းများပေးထားခြင်းမရှိပါ။ အစိုးရနှင့်အစိုးရမဟုတ် သောအဖွဲ့အစည်းများ နှစ်ရပ်လုံးက ရာသီဥတုပြောင်းလဲခြင်းကိစ္စရပ်တွင်အမျိုးသမီးများကိုရည်ရွယ် ဦးတည်ထားသော်လည်းလူငယ်များကို ရည်ရွယ်ခြင်းမရှိပါ။ နောက်ဆုံးတွင်- ရည်ရွယ်ချက် ပြည့်ဝ သည့်လူငယ်ဗဟိုပြုရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ လှုပ်ရှားမှုဖြစ်ပေါ်လာစေရန်သတိမမူမိသော အရာ များကို စုံစုံလင်လင် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။

    လူငယ်၊ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့အပေါ် ရာသီဥတုပြောင်းလဲမှု၏ရိုက်ခိုက်သည့်ဂယက် အစီရင်ခံ စာတွင် ရာသီဥတုဒဏ်ခံစားရ နိုင်ခြေရှိသည့်သူဦးရေတွင် လူငယ်ထုအင်အားကြောင့် ကိန်းဂဏန်း ပိုများလာလိမ့်မည်ဟုအထူးသတိပေးထားသည်။ အစာရေစာရှားပါးလုံလောက်မှုမရှိသည့်ရလာဒ်အနေ ဖြင့် အာဟာရမပြည့်ဝသည့်အစားအသောက်၊ပိုမိုဆိုးရွားလာသော တကိုယ်ရေကျန်းမာရေး နှင့် ကျောင်း တက်နိုင်သည့်နှုန်းကျဆင်းလာခြင်း စသည့် ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးမကောင်း သည့်ပြဿနာများကိုလူငယ်ထုမှမလွဲမသွေခံစားရမည်ဖြစ်သည်။ ထိုမှတဆင့် အရွယ်ရောက်သည့် လူကြီးအဖြစ် အဆင့်ဆင့် ပြောင်းလဲရာတွင်  လူမှုရေးဆိုင်ရာ၊ဇီဝဗေဒဆိုင်ရာနှင့် စိတ်ပိုင်း ဆိုင်ရာ ရှုပ်ထွေးသည့် အခက်အခဲပေါင်းများစွာဖြစ်ပေါ်စေသည်။ နိုင်ငံအများအပြားတွင် ကျောင်းမနေရသည့်

    လူငယ်ရာခိုင်နှုန်း မှာလက်ခံနိုင်ဖွယ်မရှိအောင်မြင့်မားနေရာ၊ ရာသီဥတုပြောင်းလဲခြင်းက ထိုအဖြစ် ကိုပိုဆိုးစေမည်ဖြစ်သည်။ ရာသီဥတုလွန်ကဲခြင်းကြောင့်ဆင်းရဲမွဲတေစေပြီးကျောင်းသားများ ၏မိသား စုများ မှာကျောင်းစရိတ်မတတ်နိုင်သည့်အဖြစ်ရောက်ကြရသည်။ ရာသီဥတုဆိုးရွားသည့်အဖြစ် အပျက် များက တခါတရံ ကျောင်းအဆောက်အဦကို ပျက်စီးသွားစေခြင်း သို့မဟုတ် ကျောင်းများ ကိုရာသီဥတုဒဏ်မှ ခိုလှုံရာနေရာအဖြစ်ပြောင်းလဲအသုံးပြုရခြင်းတို့ကြောင့်ကျောင်းသားများယာယီ ကျောင်းမတက်ပဲနေရခြင်း၊အချို့မှာလုံးဝကျောင်းထွက်လိုက်ရခြင်းတို့ဖြစ်စေသည်။ မြန်မာနိုင်ငံတွင် မလွဲမသွေခံစားနိုင်ခြေရှိသော၊ယခင်ကလည်းထိခိုက်ခံစားရသည့်အတွေ့အကြုံများဖြစ်သည့်အလွန်ကြီးမားသည့်ရာသီဥတုဆိုင်ရာသဘာဝဘေးအန္တရာယ်အမျိုးအစားများတွင် အဆိုပါအကြောင်းအရာကို ထည့်သွင်းဖော်ပြထားခြင်းမရှိပါ။ ထိုသဘာဝဘေးအန္တရာယ်များမှာ လူငယ်တို့မှသူတို့တသက်တာ လုံး ဖြတ်သန်းကျော်လွှားရမည့်လူမှုရေး၊နိုင်ငံရေးနှင့်စီးပွားရေးဆိုင်ရာရေရှည်အကျိုးဆက်များဖြစ်ပေါ်စေနိုင်သည်။

    စိမ်ခေါ်မှုအခက်အခဲများ စာရင်းကရှည်လျားလှပါသည်။ သို့သော်မြန်မာနိုင်ငံတွင် လူငယ်ထုမှ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာလှုပ်ရှားမှုများဆောင်ရွက်နိုင်ရန် အခွင့်အရေးပေါ်ပေါက်နိုင်သလို အား သာချက်များလည်းရှိပါသည်။ မြန်မာလူငယ်များသည်အံ့သြလောက်ဖွယ်မယုံနိုင်အောင် စိတ်ဓါတ် ကြံ့ခိုင်ကြပြီးတက်ကြွသူများဖြစ်သည်။ စစ်တပ် အုပ်ချုပ်ရေးကာလတွင်နေထိုင်လာကြရသဖြင့် လူမှုရေးနှင့် နိုင်ငံရေးကျွမ်းကျင်မှုများကို ခိုင်မာအောင် လုပ်ဆောင်ထားနိုင်ကြသူများ ဖြစ်သည်။  မြန်မာလူငယ်များသည်လှုပ်ရှားမှုကို စတင်ဆောင်ရွက်ရာတွင် လျင်မြန်သကဲ့သို့ ယင်းသို့လုပ်ဆောင်ရန် စိတ်ဝင်တစား ရှိလာ ပါက လည်းဦးဆောင်တတ်ကြသည်။ စစ်တမ်းကောက်ယူချက်များအရ ရန်ကုန်၊မန္တလေး နှင့်တောင်ကြီး  အပါအဝင်မြို့ကြီးများတွင်ရှိတက္ကသိုလ်ကျောင်းသားများသည် မိမိတို့နေရာဒေသတွင် အပြောင်းအလဲ ကိုဖန်တီးရန် နှင့် ထိုသို့ပြောင်းလဲဖို့ကြိုးစားအားထုတ်မှုကိုလည်းအချိန်မီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန်လိုအပ်သော သိမြင်နိုးကြားမှုနှင့်အရည်အချင်းရှိကြောင်းသိရသည်။ Conyat CreateSpectrum နှင့်  MYEO ကဲ့သို့ အဖွဲ့အစည်းများ တွင် ကျောင်းဝင်း ဗဟိုပြု ရာသီ ဥတု နှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီအစဉ်များ၊ရှိပြီး သဘာဝပတ်ဝန်းကျင်လေ့လာရေးဘာသာရပ်များ ကို အချို့သော ဘွဲ့သင်တန်း သင်ခန်းစာတွင်စတင်မိတ်ဆက်ထားသည်။ မြန်မာနိုင်ငံ ပုဂ္ဂလိ ကအခန်းကဏ္ဍသည်လည်းသဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းရေးကိုရေရှည်တည်တံ့မည့်အစီအစဉ်တွင် အလေးထားထည့်သွင်းထားပြီး နိုင်ငံတွင်းမှကုမ္ဗဏီများ (ဥပမာ FMI)ကိုလည်းတာဝန်နှင့်လုပ် ငန်းအသစ်များပေးနိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း လူငယ်ထုမှဦးဆောင်သည့် ရာသီဥတုဆိုင်ရာ လှုပ်ရှားဆန္ဒပြပွဲများထွက်ပေါ်လာသည်ကိုတွေ့ရသည်။ ရာသီဥတုပြောင်းလဲခြင်းဆိုသည်မှာကမ္ဘာ ပေါ်တွင် လူပြောအများဆုံးအကြောင်းအရာပိုဖြစ်လာပြီး မြန်မာလူငယ်ထုကိုလည်းဆွဲအား တစ်ခု ဖြစ်စေသည်။ အချို့လူငယ်များက ဖြစ်ရပ်မှန် မှတ်တမ်းများနှင့် TED talks (နည်းပညာ ထောက်ကူပညာပေးဟောပြောပွဲ) များကို မြန်မာဘာသာသို့ပြန်ဆိုကြသည်။ ဖြစ်လာလတ္တံ့ သော လူငယ်တို့၏ လှုပ်ရှားမှုများ နှင့်ယင်းသို့ဖြစ်ပေါ်စေသည့်တွန်းအားများလည်းရှိသည်။ လမ်းကြောင်း များစွာ လည်း ရှိသည်။  ဤအရေးကိစ္စနှင့်ပတ်သက်သည့်စိတ်ဝင်စားမှုကနေ့စဉ်နှင့် အမျှတိုးလာသည့် အတွက်နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကုမ္ဗဏီများက ရေရှည်တည်တံ့မည့်စီမံကိန်းများအတွက် ငွေကြေးထောက်ပံ့ကြသည်။ အချို့ငွေကြေးထောက်ပံ့မှုမှာ သတ်မှတ်ထားသော စီမံကိန်းပရိုဂရမ် တစ်ခု၏အဖွဲ့ဝင်များသို့မဟုတ် တက္ကသိုလ်ကျောင်းထွက်များ အတွက်ဖြစ်ပြီး အချို့သောထောက်ပံ့မှုမှာ တက်ကြွစိတ်ဝင်စားသူများကိုအဓိကထားသည် (ဥပမာ-Green City နှင့် YSEALI Seeds for the Future)  ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာဆွေးနွေးဟောပြောပွဲများ၊ သစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုများ၊ စွန့်ပစ် ပစ္စည်းကို ပြန်လည်အသုံးပြုခြင်း၊စွန့်ပစ်ပစ္စည်းမှကုန်ပစ္စည်း အသစ်ပြန်လည်ထုတ်လုပ်ခြင်း စီမံကိန်း များ နှင့် အခြားစည်းရုံးလှုံ့ဆော်ခြင်းအမျိုးမျိုးကို လူကိုယ်တိုင်ဖြစ်စေ အွန်လိုင်းမှဖြစ်စေနိုင်ငံတဝှမ်း စီစဉ်ဆောင်ရွက်ကြသည်။ သို့သော်အားလုံးတူညီချက်တစ်ခုဖြစ်ပေါ်လာရန်လိုနေသေးသည်။ 

    လူငယ်တို့၏ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာကြိုးပမ်းအားထုတ်မှုများအတွက် ကြားခံ ဖြည့်ဆည်း ဆောင်ရွက်ပေးရန်ကဏ္ဍအသီးသီးမှတာဝန်ရှိသည်။ ပါဝင်ပတ်သက်သည့် အဖွဲ့များအားလုံးအချင်းချင်း ပိုမို ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်သည်။ လူငယ်ထုမှလည်းသူတို့ကိုယ်တိုင် အစွမ်းအစဖြင့် အစပျိုး ဆောင်ရွက်ရမည်။ သို့သော် အစိုးရ၏ဦးဆောင်မှုမှာအရေးကြီးပါသည်။ ဖြည့်ဆည်းရမည့် တာဝန် တွေများပြားလှသောတိုင်းပြည်တစ်ပြည်အတွက် အစိုးရအနေနှင့် ရာသီဥတုပြောင်းလဲခြင်းကို ဦးစားပေးသတ်မှတ်နိုင်ရန်အခွင့်အရေးပေးရမည်ဖြစ်ပြီးယင်းသို့လုပ်ဆောင်နိုင်ရန်လည်းနေရာတစ်ခုဖန်တီးပေးဖို့ကနဦးအစပျိုး ပေးရမည်- ယင်းမှာ ငွေကြေးထောက်ပံ့ခြင်း၊ အားလုံးပါဝင် သော အစီအစဉ်များပြဌာန်းခြင်း၊ စည်းမျဉ်းဥပဒေများရေးဆွဲခြင်းနှင့်ရှိပြီးစည်းမျဉ်းဥပဒေများ ကိုဆက်လက် ထိန်းသိမ်းခြင်း၊ရာသီဥတုဆိုင်ရာကျောင်းတွင်းကျောင်းပြင်သင်ခန်းစာများကိုစတင်မိတ်ဆက်ခြင်းနှင့်ရာ သီဥတုပြောင်းလဲခြင်းဆိုင်ရာကိစ္စရပ်များတွင်လူငယ်များကိုခေါင်းဆောင်မှု့နေရာပေးခြင်းတို့ဖြစ်သည်။

    ပန်းနုဇော်သည် ကသာ၊စစ်ကိုင်းတိုင်းဒေသကြီး မှ သုတေသနပြုလိုသူဖြစ်ပြီး မန္တလေး အခြေစိုက် ဖြစ်သည်။ အစိုးရမဟုတ်သောအဖွဲ့အစည်းတွင်လုပ်ကိုင်နေသောအတွေ့အကြုံရင့်သူဖြစ်ပြီးလက်ရှိတွင် ကွင်းဆင်းညှိနှိုင်းဆောင်ရွက်သူအဖြစ် National Democratic Institute တွင်တာဝန် ထမ်း ဆောင်နေပါသည်။ Article 30 မှ Matthew Mullenနှင့်  Urbanize: Policy Institute for Urban and Regional Planning မှ Mael Raynaud  တို့ကို ယခုဆောင်းပါးမှအချက်အလက်များပံ့ပိုးကူညီပေးသည့် အတွက် ပန်းနုဇော်မှ ကျေးဇူးတင်ရှိပါသည်။

    လဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှယခုဆောင်းပါးကိုမြန်မာဘာသာပြန်ဆိုပါသည်။