4 Minutes To Read

ကိုယ်တိုင်လှုပ်ရှားရုန်းကန်ရခြင်းများ၊နိင်ငံရေးအမြင်-အာဏာသိမ်းမှုကမြန်မာနိုင်ငံ၏လူငယ်ထုကို မည်သို့ စည်းလုံးစေခြင်းနှင့်ကွဲပြားစေခြင်း တို့ဖြစ်စေပါသလဲ။

4 Minutes To Read
  • English
  • အာဏာသိမ်းအပြီး လှုပ်ရှားရုန်းကန်မှုများက၎င်းတို့ကိုရင်ဆိုင်နေရသည့်မြန်မာလူငယ်များ၏လူမှုဘဝပေါင်းစည်း နေထိုင်ရေးတွင် မည်သို့သက်ရောက်မှုရှိစေသည်ကို Francesca Chiu ကဆွေးနွေးထားပါသည်။

    မူရင်းပို့စ်ကို ၂၀၂၂ ဇန္နဝါရီလ ၁၇ရက်က ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မူရင်းကို ဒီမှာဖတ်ရှုပါရန်။

    Related

    “ခု ချိန်မှာတော့ ဘယ်လိုလှုပ်ရှားမှုဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှုချည်းပါပဲ” ဟု တက္ကသိုလ် ဘွဲ့လွန်သင်တန်းတက်နေရာမှ အာဏာသိမ်းမှကြောင့် ကျောင်းထွက်ရသူ မြန်မာကျောင်းသူ မေ * ကပြောသည်။ မိမိကို သူမ အိမ်မှ  Zoom ဖြင့် ပြောနေရာမှသူမအသံတွင်အရှုံးပေးသည့်အသံပေါက်နေသည်။ “တစ်ခါတလေဘာအနာဂါတ်ကိုမှကိုယ်မမြင်ရတော့ဘူး။ ကိုယ်တွေအားလုံးပိတ်မိနေကြပီ။

    ၂၀၂၂ ဖေဖော်ဝါရီလ ၁ရက်နေ့ ကတည်းကဆိုလျှင် (၁၁)လ မကကြာခဲ့ပြီဖြစ်သည်။ ပြည်သူများ၏ခုခံတော်လှန်ရေးမှာ အသွင်မျိုးစုံဖြင့် အရှိန်အဟုန်ပြင်းလာခဲ့သည်။သို့သော်အာဏာသိမ်းခြင်းသည်  မြန်မာတမျိုးသားလုံး၏ဒီမိုကရေစီလှုပ်ရှားမှုကိုသာ ထိခိုက်စေခဲ့သည်မဟုတ်- ပြည်သူတို့၏ဘဝပေါင်းများစွာအသက်ရှင်နေထိုင်ရေးကိုပါထိပါးလာခဲ့သည်။ လက်ရှိတော်လှန်ရေးလှုပ်ရှားမှုများကိုလူငယ်မျိုးဆက်များကဦးဆောင်သည်ဟုသတင်းမီဒီယာများကအကြိမ်ကြိမ်ဖော်ပြခဲ့သလိုလူငယ်များ၏ဖန်တီးမှုစွမ်းရည်၊လှုပ်ရှားနိုင်စွမ်းနှင့်ကြံ့ကြံ့ခံနိုင်ရည်ရှိမှုတို့ကိုကိုလည်းအပြုသဘောဖြင့်ချီးကျူးကြသည်။ သို့သော် အာဏာသိမ်းမှုနှင့် စစ်အုပ်ချုပ်ရေးကောင်စီ ကို လူငယ်မျိုးဆက်သစ်များမှ မဆုတ်မနစ် ရေကုန်ရေခမ်းတော်လှန်ခြင်း နောက်ကွယ်တွင် မြန်မာပြည်ရှိ လူငယ်အတော်များများက နိုင်ငံအနှံ့အပြားဖြစ်ပေါ်နေသည့် နိုင်ငံရေးအကြမ်းဖက် မှုများအကြားတွင် သူတို့မျှော်လင့်ချက်နှင့် အနာဂါတ်နှောင့်ယှက်ဖျက်ဆီးခံရသည်ဟု ရောပြွန်း ခံစားကြရသည်။

    စစ်တပ်၏အကြိမ်ကြိမ် နှိမ်နင်းချေမှုန်းမှုများကြောင့် စစ်တပ်ကိုဆန့်ကျင်တော်လှန်ရသည်မှာမိမိ အသက်သေမလား၊ ရှင်မလားဆိုသည့်အခြေအနေဖြစ်လာသည်။ လက်နက်ကိုင်တော်လှန်ခြင်း၊လျှပ်တပြက်သပိတ်၊သို့မဟုတ် ဆိုင်ဘာတိုက်ပွဲ တို့ဖြင့် လူအတော်များများက တိုက်ရိုက်လှုပ်ရှားမှုများဆင်နွှဲနေစဉ်တွင် အချို့မှာ စစ်တပ်နှင့်ဆက်နွယ်နေသည့်စီးပွားရေးလုပ်ငန်းများကိုသပိတ်မှောက်ပြီးအားမပေးခြင်း၊ စစ်ကောင်စီအမိန့် များကိုဖီဆန်ခြင်းကဲ့သို့နေ့စဉ်ဘဝတွင်တော်လှန်ရေးကိုဆင်နွှဲရန်ရွေးကြသည်။ဤသည်မှာအာဏာသိမ်းအပြီးမြန်မာနိုင်ငံတွင်တော်လှန်ရေးဗျူဟာပြောင်းလဲသွားခြင်းကိုသာမကတင်းမာမှုများမြင့်တက်လာခြင်း၊ နိုင်ငံရေး သဘောထားကွဲလွဲခြင်းတို့ကိုပါညွှန်ပြနေသည်။

    ယခုတင်ပြသည့်အကြောင်းအရာများမှာတော်လှန်ရေးလှုပ်ရှားမှုများတွင်တိုက်ရိုက်ပါဝင်နေလေ့ရှိသော်လည်းစစ်အာဏာရှင်များ၏အကြမ်းဖက်မှုကြောင့် ပိုမိုသိမ်မွေ့သည့်နည်းလမ်းကိုရွေးချယ်ထားသည့်လူငယ်များထံမှပြောကြားလာသည့်အကြောင်းအရာများဖြစ်သည်။ အာဏာသိမ်းခြင်းနှင့်စစ်တပ်၊အတိုင်းအတာတစ်ခုအထိရှိနေသည့် ကပ်ရောဂါနှင့် မြန်မာနိုင်ငံတွင်းရှိပြည်သူတို့၏နေ့စဉ်ဘဝ နှင့် ပိုမိုကျယ်ပြန့်သည့်လူမှုအသိုင်းအဝိုင်းပေါင်းစည်းညီညွှတ်ရေးတို့အပေါ်မိမိအနေဖြင့် မီးမောင်းထိုးပြ လိုပါသည်။

    ပိုမိုသိမ်မွေ့သည့်တော်လှန်ရေးနည်းလမ်း ရွေးချယ်ခဲ့သူအချို့လူငယ် များမှာ  စစ်တပ်၏ခြိမ်းခြောက်မှုနှင့် ပစ်မှတ်ထားခံရခြင်းမှ စစ်တပ်ကိုထောက်ခံသူဟူ၍မှားယွင်းစွာပစ်မှတ်ထားခံရသည့်အဖြစ်သို့ပြောင်းလဲရောက်ရှိသွားရသည်။

    ထို့အပြင် ရုပ်ပိုင်းဆိုင်ရာလုံခြုံရေးကိုပူပန်စိုးရိမ်နေရာမှ သူတို့ဘဝတွင်တိုးတက်မှုမရှိသည့်အဖြစ်ကိုလည်းစိုးရိမ်နေရပြန်သည့်လူငယ်တို့၏ပူပန်ကြောင့်ကြမှုများပြောင်းလဲသွားရသည့်အဖြစ်ကို အောက်တွင်ဆက်လက်ဖော်ပြမည့်အကြောင်းအရာများအရတွေ့နိုင်ပါသည်။

    ပညာရေးနှင့်နပမ်းလုံးရခြင်း

    တနှစ်ကျော်ကျော်လုံးဝ ပိတ်ထားသည့်အတွက် အာရှတိုက်တွင်မြန်မာနိုင်ငံသည်ကျောင်းပိတ်ရက်အရှည်ကြာဆုံးနိုင်ငံဖြစ်လာသည်။ ကိုဗစ်-၁၉  ကပ်ရောဂါပိုးတိုက်ခိုက်မှုကြောင့် ကျောင်းသားများမှာသူတို့၏ပညာသင်ကြားရေးကို မနားချင်သော်လည်းရပ်နားလိုက်ရသည်။ အာဏာသိမ်းမှုက ပညာသင်ကြားရေးကိုတဖန်ဆက်လက်နှောင့်ယှက်ပြန်သည်။

    ထိုအထဲတွင်ပါဝင်နေသည့်ကျောင်းသားတစ်ဦးမှာ မန္တလေးတက္ကသိုလ် ပထမနှစ်သိပ္ဗံကျောင်းသား “ကျော်” ဖြစ်သည်။ NLDအစိုးရက၂၀၂၀ မတ်လ ၂၄ရက်နေ့တွင် တတိုင်းပြည်လုံးရှိတက္ကသိုလ်များကိုပိတ်လိုက်သည့် အချိန်မတိုင်မီတွင်ကျော်၏ပညာသင်ကြားလိုက်ရသည့်ကာလမှာ၃လမျှသာရှိခဲ့သေးသည်။တနှစ်ခွဲကျော်ကျော်ကာလ အတွင်း ကျော် အနေဖြင့် အွန်လိုင်း အင်္ဂလိပ်စာ သင်တန်းကိုသာတက်နိုင်ခဲ့သည်။ အွန်လိုင်းသင်တန်းများကိုသာတက်နေရခြင်းကိုကျော်

    ကသိပ်အားမရချေ၊အဘယ်ကြောင့်ဆိုသော် အာဏာသိမ်းအပြီး စစ်တပ်၏အကြိမ်ကြိမ်အင်တာနက်ဖြတ်တောက်မှုကို

    မမှုသည်ထားဦးတော့ အွန်လိုင်းသင်တန်းမှအမှတ်များက ဘွဲ့ယူရန်အထိ အတန်းတက်သည့်အမှတ်မျိုးမပေးနိုင် ခြင်းကြောင့်ဖြစ်သည်။ သူ၏ အချိန်တော်တော်များများမှာသူငယ်ချင်းများနှင့် အွန်လိုင်းဂိမ်းများဆော့ခြင်းဖြင့်ကုန်ဆုံးနေခဲ့သည်။

     

    “ခုလောက်ဆို ကျွန်တော်က ဒုတိယနှစ်ကျောင်းသားဖြစ်နေရမှာ” “ဒါပေမယ့် ဒုတိယနှစ်ကျောင်းသားလိုမခံစားရဘူး” ဟုကျော်ကမိမိအားပြောပါသည်။  မေလတွင် အာဏာသိမ်း စစ်တပ်က တက္ကသိုလ် နောက်ဆုံးနှစ်ဘွဲ့ကြိုကျောင်းသားများ၊ဘွဲ့လွန်မဟာတန်းကျောင်းသားများနှင့် ပါရဂူဘွဲ့ကျောင်သားများအတွက်တက္ကသိုလ်များကိုပြန်ဖွင့်ပေးခဲ့သည်။ တက္ကသိုလ်ပြန်မတက်ခြင်းသည် နိုင်ငံ့ဝန်ထမ်းများ၏အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီးစစ်ကောင်စီမှ အလုပ်ရပ်နားခဲ့သောဆရာများကိုထောက်ခံရာရောက်သည်ဟုကျော်ကယုံကြည်သည်။ သူ့လို ဘွဲ့ကြို ဒုတိယနှစ်ကျောင်းသားများ အတွက်ဘယ်သောအခါမှာ တက္ကသိုလ်များပြန်ဖွင့်မည့်သတင်း မသိရသော်လည်းကျောင်းပြန်ဖွင့်လျှင်ကျောင်းပြန်တက်မည့်အရေးအတွက်ဖြစ်ပေါ်လာမည့်အကျိုးအပြစ်များကိုသာ တွေးတောနေမိသည်။

    တဖက်တွင်ကျော်ကသူ့ပညာသင်ယူရေးကိုပြန်လည်အစပြုချင်သည်၊မိသားစုတွင် ပထမ ဦးဆုံးဘွဲ့ရသူဖြစ်ချင်ပြီး ဘဝတွင်တိုးတက်ရာတိုးတက်ကြောင်းများဆောင်ရွက်လိုသည်။ အာဏာမသိမ်းမီကပင်အတန်းတက်ရန်စာရင်းသွင်းထား ပြီးဖြစ်သဖြင့် အတန်းပြန်တက်ခြင်းသည် စစ်တပ်ကိုထောက်ခံခြင်းမဟုတ်ဟု ကိုယ့်ကိုယ်ကိုပြန်လည် သိမ်းသွင်း နားချ နေမိသည်။ အခြားတဖက်တွင်လည်း တက္ကသိုလ်ပြန်တက်လျှင်သူ့ကိုသစ္စာဖောက်ဟုတံဆိပ်ကပ်ခံရပြီး စစ်အာဏာရှင်ကို

    အပြီးတိုင်ဖြုတ်မချမချင်းကျောင်းပြန်မတက်ဟုသစ္စာဆိုထားသော သူငယ်ချင်းများနှင့်အခြားသူများကရှောင်ရှားသွားမည်ကို စိုးရိမ်နေခဲ့သည်။ ကျွန်တော်မဆုံးဖြတ်ရသေးပါဘူး၊ ဘယ်သူ့မှလည်းမပြောရဲဘူးဟုကျော်ကပြောသည်။ သူ့အတန်းထဲကကျောင်းသားတစ်ယောက်၏အစ်ကို က မေလတွင်မဟာအတန်းပြီးအောင်တက္ကသိုလ်ပြန်တက်ရန်ဆုံးဖြတ်သဖြင့် အွန်လိုင်းတွင်ဝေဖန်ခံရပြီး ကျောင်းသားများ၏အဓိကလူမှုမီဒီယာအုပ်စုမှထုတ်ပစ်ခံရသည်ကိုကျော်မှတ်မိနေသည်။

     “အဲဒီကတည်းက ဒီအတန်းဖော်ကိုကျွန်တော်စကားမပြောတော့ဘူး၊ သူငယ်ချင်းတစ်ယောက်ကိုကျွန်တော်ဆုံး

    ရှုံးလိုက်ရတယ်လို့ပြောနိုင်တာပေါ့၊ သူနဲ့သူ့အစ်ကိုလည်းကျွန်တော်တို့နဲ့အတူဆန္ဒထွက်ပြခဲ့တာပဲလေ။ သူ့အစ်ကိုမှာလည်းဘာလို့ကျောင်းပြန်တက်ရလဲဆိုတဲ့လူမသိတဲ့အကြောင်းတွေရှိချင်ရှိမှာပေါ့။ကျွန်တော်မသိဘူး၊စိတ်မကောင်းဘူးဗျာ” ကျော်နှင့်သူ့လိုကျောင်းသားများအတွက် ကျောင်းတက်ရေးမတက်ရေးသည် သူငယ်ချင်းအချင်းချင်းရင်းနှီးဆက်ဆံမှုအဆုံးသတ်သွားသည့်နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တစ်ခုဖြစ်လာပြီး နက်ရှိုင်းသည့်လူမှုရေးဆိုင်ရာစိုးရိမ်သောကများဖြစ်ပေါ်စေသည်။

    အခြားရွေးချယ်စရာတနည်းအနေဖြင့်ကျော်၏အတန်းဖော်တချို့က အရပ်သားဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှစီစဉ်ပေးသည့် သင်တန်းများတက်နေကြသည်။ သို့သော် ထိုသို့တက်ရောက်ရမည်ကို ကျော်ကတုန့်ဆိုင်းနေခဲ့သည်၊အဘယ်ကြောင့်ဆိုသော် သူ၏ဘွဲ့ဒီဂရီအတွက် ထိုသင်တန်းများမှ အမှတ်ပေးနိုင်ပါမည်လားဆိုသည်မှာမသေချာ ၍ဖြစ်သည်။ မြို့တွေပေါ်မှာ အလုပ်ရှာဖို့ဆိုတာဘယ်တော့မှမလွယ်ဘူး၊ အာဏာသိမ်းတာနဲ့ကပ်ရောဂါ ကအရာရာပိုုခက်ခဲသွားစေတယ်၊ဘွဲ့မရှိတော့ပိုတောင်ဆိုးတာပေါ့ဟုကျော်ကပြောသည်။ နောက်ပီးကျွန်တော်ကလည်းသိပ်အတော်စားကြီးမဟုတ်ဘူး၊ နိုင်ငံခြားကပညာတော်သင်ဆုလည်းရနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး၊ကျွန်တော်တော့ချောင်ပိတ်မိနေပြီ

     

    ကျော် ၏ပြောကြားချက်က ကပ်ရောဂါကြောင့်ကျောင်းသားများ၏ပညာသင်ယူခွင့်ဆုံးရှုံးရသည်ကိုပြနေပြီး အာဏာသိမ်း မှုက ပညာသင်ယူနိုင်မည့်နည်းလမ်းများနှင့် အသက်ရှင်ရပ်တည်ရေးအထွေထွေကိုပါဆက်လက်ကန့်သတ်ခြင်း တို့ဖြင့်ယင်းပြဿနာကိုထပ်မံတိုးပွားစေသည်။

    ပညာရေးနှင့်နပမ်းလုံးရခြင်း

    ပြည်ပနိုင်ငံများသို့သွားရောက်ရန်ရုန်းကန်ကြိုးစားရခြင်း

    လူငယ်တော်တော်များများအတွက်နောက်ထပ် ဦးနှောက်စားရသည့်မေးခွန်းမှာ “ငါဆက်နေသင့်သလား ဒါမှမဟုတ် သွားသင့်သလား” ပင်ဖြစ်သည်။ ဥပမာ- မေ ဆိုလျှင် အာဏာသိမ်းအပြီးနောက်ပိုင်း မန္တလေးမှ ဘွဲ့လွန်မဟာတန်းကိုထွက်ပြီး အလွတ်တန်း သတင်းဘာသာပြန်အဖြစ်ယခုအလုပ်လုပ်နေသည်။ ယခုနောက်ပိုင်းတွင် နိုင်ငံခြားတွင်ပညာသင်နိုင်မည့် ပညာတော်သင်ဆုလျှောက်ရကောင်းနိုးနိုး အလေးအနက်စဉ်းစားနေသည်။

    မေ၏ရည်မှန်းချက်မှာ မဟာဘွဲ့တစ်ခုရရန်ဖြစ်ပြီးစစ်အာဏာသိမ်းမှုဆန့်ကျင်ခြင်းလှုပ်ရှားမှုကိုပြည်ပမှဆက်လက်ထောက်ခံရန်ဖြစ်သည်။ “ကျွန်မ ကတိုက်ပွဲဝင်ပြီးတိုက်တတ်တဲ့လူစားမျိုးမဟုတ်ဘူး၊ ပညာသင်ပြီး ကိုယ့်တိုင်းပြည်အကြောင်းရေးပြတာမှာကျွန်မကပိုအသုံးကျတယ်”ဟုသူမကမိမိအားပြောပါသည်။ သို့သော်သူမပြည်ပထွက်ခွာရန်စီစဉ်နေကြောင်း သူငယ်ချင်းများသိသွားပါက သူမအပေါ်နားလည်မှုလွဲခြင်း၊ဝေဖန်ခြင်း သို့မဟုတ် ဝိုင်းပယ်နိုင်ကြောင်းကိုသူမစိုးရိမ်မိသည်။

    “ နောက်ထပ်ကျောင်းသားတစ်ဦးက အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ဆုလျှောက်ထားပြီး ထိုအကြောင်း ကိုဖေ့စ်ဘွတ်ခ်တွင်မျှဝေလိုက်သည်။ သူကNUG ကိုထောက်ခံသည်။ သို့သော် အခက်အခဲဖြစ်နေသည့်အချိန်တွင်တိုင်းmပြည်ကိုစွန့်ခွာသည့်အတွက်သူ့ကို အများကဝေဖန်ကြသည်။ “ငါတို့နိုင်ငံမှာဒုက္ခရောက်နေတယ်၊ ပြည်သူတွေအားလုံးလည်းဒုက္ခရောက်နေတယ်၊မင်းကအခုငါတိုကိုထားခဲ့တော့မလို့လား?ဆိုသည့်ကော်မန့်များဖြစ်သည်။ ကျွန်တော်လည်း ပြည်ပ ပညာသင်ဆုလျှောက်ဖို့ကြိုးစားနေတာပဲ၊ သူငယ်ချင်းတွေကိုပြောတာတို့၊အွန်လိုင်းမှာတင်တာတို့မလုပ်ရဲဘူး၊ လူမှုပစ်ဒဏ်ခတ်တာမျိုးမခံနိုင်ဘူး၊ရင်းနှီးတဲ့သူငယ်ချင်းတွေတော့မဟုတ်ဘူးပေါ့ ဒါပေမယ့်ဖေ့စ်ဘွတ်ခ်ပေါ်ကမိတ်ဆွေတွေ ကကျွန်တော့်ကိုသူရဲဘောကြောင်တယ်၊လူထုရဲ့စစ်တပ်ကိုပြန်တော်လှန်တိုက်ထုတ်တဲ့လုပ်ရပ်ကိုအားမပေးဘူး ဆိုတာမျိုးတွေပြောကောင်းပြောနိုင်တယ်ဆိုတာ ကျွန်တော်ကြိုတွေးကြည့်လို့ရပါတယ်။ဒီအချိန်မှာလူတွေရဲ့ စိတ်ကိုလှုံ့ဆော်ဖို့ကလွယ်တယ်လေ”။

    နိုင်ငံရပ်ခြားတွင်ပညာသင်ရန်နှင့်အတူတွဲပါလာသည့်ငွေကြေးဝန်ထုတ်ဝန်ပိုးကလည်းကြီးလေးသည်။ ပညာသင်ဆုအထောက်အပံ့ရသည်ဆိုစေကာမူငွေကြေးထောက်ပံံ့မှုအတွက်လျှောက်ထားခြင်းမပြုမီကပင် မေ မှာ အင်္ဂလိပ်စာကျွမ်းကျင်မှုစာမေးပွဲဝင်ကြေးများပေးသွင်းရသည့်အတွက် အတော်ငွေကုန်ကြေးကျများနေပြီဖြစ်သည်။ အွန်လိုင်းမှတဆင့် နိုင်ငံခြားပညာသင်စရိတ်ရရန်ရံပုံငွေတောင်းခံလိုစိတ်အကြိမ်ကြိမ်ပေါ်လာသော်လည်း ဖြစ်လာနိုင်သည့် ထိုးနှက်ချက်များကိုစိုးရွံ့သဖြင့် ထိုသို့မလုပ်ဆောင်ရဲချေ။

    “ကျွန်မအတွက်ပညာသင်ယူနိုင်တဲ့တစ်ခုတည်းသောနည်းလမ်းကတော့နိုင်ငံကနေထွက်ခွာသွားတာပဲ ဒါပေမယ့် နိုင်ငံက ထွက်ခွာဖို့ဆိုတာကလည်းငွေကြေးအကုန်အကျများတယ်” ဟုသူမကပြောပါသည်။ “အရမ်းစိတ်ဖိစီးမှု့များတယ် ဒါပေမယ့် တခြားလူတွေကိုလည်းဒါကိုမျှဝေလို့မရဘူး”  စစ်တပ်ကိုမည်သို့မျှထောက်ခံလိုစိတ်မရှိသော်လည်း နိုင်ငံခြားတွင်ပညာသင်ယူလိုသည့်စိတ်ဆန္ဒနှင့် လူမှုပစ်ဒဏ်ခတ်ခံရမည်ကိုစိုးရွံ့နေရသည့် အကြား ညပ်ပိတ်မိနေသောမြန်မာလူငယ်များမှာ မေ တစ်ဦးတည်းမဟုတ်ပါ။ လူမှုပစ်ဒဏ်ခတ်ခြင်းဆိုသည်မှာ ပြည်တွင်းနှင့်နိုင်ငံတကာမီဒီယာတို့မှ စစ်တပ်မိသားစုဝင်များကို နာမည်တပ်ပြီးအရှက်ခွဲခြင်း ကိုသာဆိုလိုသော်လည်း အထက်တွင်ဖော်ပြသည့်မေ ၏ထွက်ဆိုချက်များအရ လူသိရှင်ကြားအရှက်ခွဲခံရမည်အကြောက်တရားက စစ်တပ်ထောက်ခံသူများဟုမှားယွင်းစွာ သတ်မှတ်ခံရမည်ကိုပူပန်နေကြသောလူထုအကြားပျံ့နှံ့နေသည်။

    အလုပ်အကိုင်ရရှိရေးအတွက်ရုန်းကန်ရခြင်း

    ကပ်ရောဂါပိုးကြောင့် စီးပွားရေး ချိနဲ့နေချိန်တွင် အာဏာသိမ်းခြင်းက စီးပွားရေးကိုထပ်မံထိခိုက်အောင်ဖျက်ဆီးလိုက်ရာ စစ်တပ်အာဏာသိမ်းချိန်မှစ ၍ ပြည်သူ ၁့၂ သန်းကျော်အလုပ်လက်မဲ့ဖြစ်သွားရသည်။ ထိုသို့နစ်နာဆုံးရှုံးသူများထဲတွင် “ ရှင်း” တစ်ယောက်လည်းအပါအဝင်ဖြစ်သည်။ ရှင်း ကမန္တလေးမှ ရိုးရိုးဘွဲ့နှင့်မဟာဘွဲ့များ ရယူထားပြီးဖြစ်သည်။CDM တွင်ပါဝင်ရန်သူမ၏စာသင်ကြားသည့်ဆရာအလုပ်ကိုစွန့်လွှတ်ပြီး ထိုအချိန်မှစ ၍ သူမရပ်တည်ရေးအတွက် အချိန်ပိုင်းအလုပ်ကိုသာအားထားနေရသည်။အချိန်ပြည့်အလုပ်ရရှိရန်အခက်အခဲများကြုံရသည့်အပြင်အလုပ်အကိုင်ရရှိရေးအတွက်စိမ်ခေါ်မှုနောက်တချက်ရှိနေပြန်သည်။မြန်မာပြည်၏နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အမှုထမ်းရန်မှာသူမ၏ရှေးယခင်ကတည်းကမက်ခဲ့သောအိပ်မက်ဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်ဝင်ရောက်အမှုထမ်းခြင်းဖြင့် ပြည်ပတွင်

    ပညာသင်ယူရန်အခွင့်အရေးရလိမ့်မည်ဖြစ်ပြီး အာဏာသိမ်းခါစတွင်လျှောက်လွှာတင်မည့်အချိန်ဖြစ်ခဲ့သည်။ သို့သော် သူမ၏ အိပ်မက်အလုပ်အကိုင်ကိုလုပ်ဆောင်ရန်နှင့် NUG ကိုထောက်ခံမှုများအကြား လွန်ဆွဲရာတွင် သူမစိတ်ထောင်း ကိုယ်ကျေဖြစ်ခဲ့ရသည်။

    -CDM တွင်ဖေဖေါ်ဝါရီလ ကပါဝင်သူ-ဆန္ဒထုတ်ဖော် ချီတက်ခဲ့သူ၊တော်လှန်ရေးအတွက်ရံပုံငွေကြေးကောက်ခံ ရန်ကူညီခဲ့သူ ရှင်းအတွက် NUG ကိုအားပေးထောက်ခံသူ မှလွဲ ပြီးအခြားဘာမှပြောစရာမလိုပေ။ သို့သော် သူမ၏အလုပ်အကိုင်ဆိုင်ရာရည်မှန်းချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနသာ အမြဲတစေ ဖြစ်ခဲ့သည့်အတွက် စစ်တပ်မှအာဏာပြန်လည်ရယူလိုက်သည့်အခါ အခြေအနေများရှုပ်ထွေးသွား ၍ သူမဝမ်းနည်းရသည်။ သူမမျှော်မှန်းထားသည့်နိုင်ငံခြားရေးဝန်ကြီးဌာနသို့ဝင်ရောက်အမှုထမ်းရန်သတ်မှတ်အသက်အပိုင်း အခြားမှာ ၂၅နှစ်ဖြစ်ပြီး အာဏာသိမ်းချိန်တွင်သူမအသက်၂၄နှစ်ပြည့်ပြီးဖြစ်နေလေပြီ။ဆိုလိုသည်မှာယခုနှစ်မှာမလျှောက်ထားလျှင်နောင်မည်သည့်အခါမှနောက်ထပ်အခွင့်အရေးမရနိုင်တော့ဆိုသည့်သဘောပင်ဖြစ်သည်။ သူမ၏မိသားစုကယခုလိုအလုပ်လျှောက်ခြင်းကိုအားပေးသည်၊အကြောင်းမှာ သူတို့ကစစ်တပ်ကိုထောက်ခံကြသူများ ဖြစ်ပြီး ယခုလိုစီးပွားရေးဆိုးရွားနေချိန်တွင် သူမကိုအလုပ်တစ်ခုအမြန်ရစေချင်ကြသည်။ သို့သော်ရှင်းကစစ်တပ်ကို ထောက်ခံသူမဟုတ်၊ ခုတော့သူမ ဝေခွဲမရဖြစ်နေရချေပြီ။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင်အလုပ်လျှောက်ပါက ဒီမိုကရေစီ သစ္စာဖောက်သူဟုမိတ်ဆွေသူငယ်ချင်းများကတံဆိပ်တပ်ကြမည်ဖြစ်ပြီး အလုပ်လျှောက်လွှာမတင်ပါကလည်းမိဘများ စိတ်မချမ်းသာဖြစ်စေရုံသာမက သူမမှနှစ်ပေါင်းများစွာ ရည်ရွယ်ကြိုးစားလာခဲ့သည့်နေရာတစ်ခုအတွက်အခွင့်အရေး ဆုံးရှုံးမည်ဖြစ်သည်။ သူမအလုပ်လျှောက်ပြီးအလုပ်ရလာပါကတစ်ချိန်တွင် စစ်တပ်ကိုဖြုတ်ချနိုင်ခဲ့လျှင် NUG ကသူမကို အလုပ်မှကန်ထုတ်ခံရမည်ကိုလည်းပူပန်မိသည်။ “ကျွန်မအနေနဲ့စိတ်ကိုအမြန်ဆုံးဖြတ်မှဖြစ်မယ်၊နောက်ဆုံးသတ်မှတ်ထား တဲ့ရက်ကနီးကပ်နေပီလေ၊ ဒါပေမယ့်ဘာပဲရွေးချယ်သည်ဖြစ်စေ မကောင်းတဲ့အကျိုးဆက်တွေကရှိတယ်” ဟု ရှင်းက ပြောသည်။

    ကိုယ့်ကိုယ်ကိုကာကွယ်သည့်အနေဖြင့် လူမှုမီဒီယာတွင် ကိုယ်ရေးကိုယ်တာကိစ္စများ ပို့စ်တင်ခြင်းကို ရှင်း ရပ်နားလိုက်ပြီးသတင်းများကိုသာတခါတရံပြန်တင်တော့သည်။ သူမ လုပ်သင့်သည့်အရာများကို အကြံဉာဏ်တောင်းရန်တပါးသူကိုဆက်သွယ်ရသည်ကခက်လာသည်၊အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်ကူးများကိုအခြားတစ်ယောက်ကိုပေးသိခြင်းသည်အန္တရာယ်များလာသောကြောင့်ဖြစ်သည်။   မိမိနှင့် စကားဝိုင်းကိုအဆုံးမသတ်မီရှင်းပြောသည်မှာယခုအချိန်တွင်အခြေအနေများအလွန်ရှုပ်ထွေးလာသည်ဟုဆိုသည်။ သူမ ချရမည့်ဆုံးဖြတ်ချက်တိုင်းတွင် အာဏာသိမ်းသည့်ကိစ္စကတွဲလျက်ပါ ပြီးရှုပ်နေသည်ဟုဆိုပါသည်။

    စစ်တပ် အာဏာရယူခြင်းသည် လူငယ်တို့၏ အနာဂါတ် ကို ကမောက်ကမ ဗရုတ်သုတ်ခဖြစ်စေပြီးမည်သည့်ဆုံးဖြတ်ချက်ပင်ချချ သူတို့ဒဏ်ခတ်ခံရမည်ဆိုသည့်ခံစားချက်ဖြင့်သာနေရစ်နေရမည်ဆိုသည်ကို ကျော်နှင့်မေ ကဲ့သို့ပင်ရှင်း ၏ စိတ်ဒွိဟဖြစ်မှုများက ပြသနေသည်။

    လူ့အသိုင်းအဝိုင်း နှင့် နပန်းလုံးရခြင်း

    မန္တလေးမှ တက္ကသိုလ်ကျောင်းသားများနှင့်လတ်တလောဘွဲ့ရထားသူများ၏အကြောင်းအရာများက အာဏာသိမ်းမှု့ကြောင့်ဖြစ်ပေါ်လာရသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲစိမ်ခေါ်မှုများကိုမီးမောင်းထိုးပြနေသည်။ သူတို့လုပ်ရပ်တိုင်း ကို အဏုကြည့်မှန်ဘီလူးအောက်တွင်ထားခံရပြီး စစ်တပ်ကိုထောက်ခံသူလား-NUG ကိုထောက်ခံသူလားဆိုသည်ကိုစစ်ဆေးခံနေရသည်။ လူငယ်အတော်များများမှာ ပညာသင်ယူရေးနှင့်ငွေကြေးဆိုင်ရာအခက်အခဲမှ ရုန်းကန်နေကြရပြီး စစ်တပ်အာဏာလုယူချိန်မှစ ၍ သူတို့ဘဝအတွက်ရွေးခြယ်မှု့နှင့်အခွင့်အရေးများမှာ သိသိသာသာ လျော့နည်းသွား ကြသည်။ တက္ကသိုလ်ဘွဲ့တစ်ခုရရန် ၊ပြည်ပတွင်ပညာသင်ယူရန်၊အစိုးရရုံးတွင်အလုပ်လုပ်ကိုင်ရန်အိပ်မက်များ မှာ လွန်ခဲ့သည့်တနှစ်ခန့်က ပြောစရာမရှိအောင်လေးစားထိုက်သည့် ရည်မှန်းချက်များဖြစ်ခဲ့သည်။ စစ်အာဏာသိမ်း ခြင်းကိုဆန့်ကျင်သည့်လှုပ်ရှားမှုသည် မြန်မာ့လူငယ်များ၏အနာဂါတ်အတွက်ဖြစ်သည်။ သို့သော် လည်း ဝိရောဓိအနေဖြင့် လူငယ်များ သူတို့လမ်းကိုသူတို့ဖောက်ရန်အတွက်ခက်ခဲစေခဲ့သည်။

    စစ်တပ်မှဖိနှိပ်မှုများကြမ်းရမ်းလာသည်နှင့်အမျှ  အင်အားသုံးပြီးတော်လှန်သည့်နည်းကိုမြန်မာပြည်တွင်းနှင့်ပြည်ပမှပြည်သူ များပိုမိုချိတ်ဆက်ဆောင်ရွက်လာကြသည်။ ပစ်မှတ်ထားရမည့်သူများနှင့် ဒလန်များ(စစ်တပ်ထောက်ခံသတင်းပေးသူများ) ၏ကောလဟာလစာရင်းထွက်ပေါ်လာပြီး စစ်တပ်နှင့်ဆက်နွယ်နေသူများအသတ်ခံရခြင်းမှာလည်းပိုစိပ်လာသည်။ သို့သော် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ပြင်းထန်သည့်တော်လှန်ရေး ကိုမီးစထိုးပေးသလိုဖြစ်သည်၊နေ့တဓူဝဘဝတွင်တော်လှန်ရေးထဲပြောင်ပြောင်တင်းတင်းမပါဝင်သူများမှာစစ်တပ်၏အကြမ်းဖက်မှုကိုတိုက်ရိုက်ခံစားရသည်ထက မိမိဘဝတူများ၏ ဖိအားကိုပိုမို ခံစားနေရသည်။

    စစ်တပ်အရာရှိများ၏မိသားစုများနှင့်ထောက်ခံသူများကို လူသိရှင်ကြားအရှက်ခွဲသည့်လူမှုဒဏ်ခတ်ခြင်းကို ထိရောက်သည့် ဘေးထွက်နည်းဗျူဟာ ဟုလူအတော်များများကချီးမွမ်းကြသော်လည်း အထက်ဖော်ပြပါအကြောင်းအရာများအရ စစ်တပ်ကိုမထောက်ခံသူများပင်လျှင် သူတို့လုပ်ရပ်များက အရပ်သားများ၏တော်လှန်ရေးကို အပြည့်အဝထောက်ခံခြင်းမရှိဟုထင်မြင်ယူဆခံရလျှင် လူမှုဘဝ သေသွားသည်ကိုရင်ဆိုင်နေကြရသည်။ ပညာရေးနှင့်အလုပ်အကိုင်ရရှိရေး ကဏ္ဍများတွင်သာ ဖြစ်နိုင်ချေမရှိအောင်အိပ်မက်ပြိုကွဲနေသည်ဟု လူငယ်များကခံစားရသည်မဟုတ်၊  ကပ်ရောဂါဆိုးကျရောက်နေချိန်တွင်အာဏာသိမ်းလိုက်သည့်အတွက် ကျန်းမာရေးနှင့်ပတ်သက် လျှင်လည်းမည်သို့ဆောင်ရွက်ရမည်ကိုမသိနိုင်ပေ။ ဥပမာ- ရှင်း ဆိုလျှင် ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးရန် ပြည်သူ့ဆေးရုံတစ်ခုသို့တိတ်တဆိတ်သွားခဲ့ရသည် –  သူ့သူငယ်ချင်းများလုံးဝမသိအောင်လျို့ဝှက်ထားရသည့်ကိစ္စဖြစ်သည်ဟုရင်ဖွင့်လာသည်။

    ရှင်းတွင် ကာကွယ်ဆေးထိုးရန်ခိုင်လုံသည့်အကြောင်းရင်းရှိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏အဖိုးအဖွား၊မိဘ၊မောင်ဘွားများနေသည့်ရပ်ကွက် နှင့် သူမနေသည့်နေရာကနီးကပ်သည်။ ထို့ကြောင့် သူမနေထိုင်သည့် ရွာတွင်ရှိ နိုင်ငံပိုင်ဆေးခန်းမှ ကိုဗစ်-၁၉  ကာကွယ်ဆေးထိုးနိုင်ကြောင်း စတင်ပြောလာသောအခါ သူမနှင့်သူမ မိသားစု အတွက် စာရင်း ပေးခဲ့သည်။ သို့သော် စစ်အစိုးရမှ ကာကွယ်ဆေးကိုဖြန့်ဝေနေသည့်အတွက် ထို ကာကွယ်ဆေးထိုးနှံခံခြင်းမှာ သစ္စာဖောက်လုပ်ရပ်အဖြစ် ထင်မြင်ကြသည်။သူမ သူငယ်ချင်းများသာ ထိုသို့သူမကာကွယ်ဆေးထိုးခဲ့သည်ကိုသိရှိသွားပါက ရှင်းကို ရှောင်ဖယ်သွားကြလိမ့်မည်ဟုသူမယုံကြည်သည်။

    “ ကျွန်မအတွက်တော့ဆေးထိုး တယ်ဆိုတာကျန်းမာရေးအတွက် စိုးရိမ်တာသက်သက်ပါပဲ၊ ဒါပေမယ့်

    ကျွန်မကိုစစ်တပ်ကိုထောက်ခံတယ် …သို့မဟုတ် CDM လုပ်တဲ့ကျန်းမာရေးဝန်ထမ်းတွေကိုသစ္စာဖောက်တယ်လို့ တခြားလူတွေကပြောလိမ့်မယ် ။ တချို့ပုဂ္ဂလိကဆေးခန်းတွေလည်း ကာကွယ်ဆေး ထိုးလို့ရပါတယ်ဒါပေမယ့် ဈေးကြီးတယ်။ နိုင်ငံပိုင်ဆေးရုံမှာ ဆေးထိုးတဲ့ ကျွန်မလိုရိုးရိုးလူတွေကို ဝေဖန်ခံရတယ်၊ ပုဂ္ဂလိကဆေးရုံမှာကာကွယ်ဆေးထိုးတဲ့သူဌေးတွေကိုတော့ တာဝန်သိတယ်ဆိုပီးချီးကျူးကြတယ့့်စံနှစ်ခုမတူပုံများ”

    ကာကွယ်ဆေးထိုးခြင်းသည် ကျန်းမာရေးကိစ္စမဟုတ်တော့ပဲ နိုင်ငံရေးလုပ်ရပ်တစ်ခုဖြစ်နေကြောင်း ရှင်း၏အဖြစ်အပျက်တို့ကမီးမောင်းထိုးပြနေသည်။ ကာကွယ်ဆေးထိုးမည်မထိုးမည်ကိုလူတိုင်းဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း ၊မည်သည့်တွန်းအားကြောင့်ဖြစ်စေပြည်သူ့ဆေးရုံဆေးခန်း တွင်ကာကွယ်ဆေးထိုးနှံမည်ဆိုပါက ၊ စစ်တပ်အားပေးသည့် လုပ်ရပ်အဖြစ်ထင်မြင်ခံရသည်။ ကာကွယ်ဆေးထိုးယူပြီးသူများကိုလည်း ထိုသို့ထိုးနှံပြီးကြောင်း တပါးသူမသိစေ ရခြင်းအချက်က ကာကွယ်ဆေးနှင့်ပတ်သက်သည့် တိကျသောသတင်းအချက်အလက်စီးဆင်းပျံ့နှံ့မှုကိုတားဆီး ထားပြီး ကိုဗစ်-၁၉  ကိုတိုက်ထုတ်ရာတွင် ထိရောက်မှုလျော့ပါးစေသည်။ ထိုအချက်များအားလုံးထက် ကာကွယ်ဆေးကို နိုင်ငံရေးအဖြစ်ပြောင်းလိုက်ခြင်းက ပုဂ္ဂလိကဆေးခန်းသွားရန်မတတ်နိုင်သူများကိုခွဲခြားသကဲ့သို့ဖြစ်စေသည်။

    အာဏာသိမ်းခြင်း ကမြန်မာလူငယ်ထုကိုမည်သို့ ခွဲခြားပါသလဲ

    ဤ လူငယ်လေးများ၏အကြောင်းပြန်ပြောနေရခြင်းမှာ သတိထားသင့်သည့်အကြောင်းများအတွက်သာဖြစ်သင့်သည် အဘယ်ကြောင့်ဆိုသော် နိုင်ငံရေးအရအမြင်မတူခြင်းနှင့်လူမှုဘဝပေါင်းစည်းနေထိုင်ခြင်းတို့အတွက်သူတို့ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။ ဆယ်စုနှစ်ချီနေသည့် တိုင်းရင်းသားပဋိပက္ခ နှင့် ပြည်တွင်းစစ်ကြောင့်ဖြစ်စေ၊ ဗုဒ္ဓဘာသာဝင် နှင့် မွတ်စလင်ဘာသာဝင်တို့အကြားတင်းမာမှုကြောင့်ဖြစ်စေ၊ သို့မဟုတ် စစ်တပ် နှင့် အရပ်သားအစိုးရ အကြား အာဏာလုတိုက်ပွဲများကြောင့်ဖြစ်စေ  မြန်မာနိုင်ငံသည် နိုင်ငံရေးအရကွဲပြားနေသည်မှာရှေးယခင်ကပင်ဖြစ်သည်။သို့သော် ယခုအာဏာသိမ်းမှုသည်  စစ်တပ်ကို ဆန့်ကျင်တိုက်ထုတ်ရာတွင်တိုင်းရင်းသားလူမျိုးဘာသာမရွေး ပြည်သူလူထုအနေဖြင့် တနည်းနည်း စည်းလုံးသွား စေသော်လည်း စစ်တပ်ဘက်တော်သားလား၊ဒီမိုကရေစီ ဘက်တော်သားလား ဆိုသည့် ဆန့်ကျင်ဖက်လုံးလုံးလျားလျားဖြစ်နေသောကွဲပြားခြားနားချက်ဖြင် ဘဝနှင့်သက်ဆိုင် သည့်ဆုံးဖြတ်ချက်အနည်းငယ်သာချနိုင်ရန် ပိုင်းခြားထားပြန်သည်။ မြန်မာနိုင်ငံအတွက် လူမှုရေးနှင့်နိုင်ငံရေး နှစ်ဖက်အမြင်တို့မှာ အသစ်အဆန်းတော့မဟုတ်ချေ၊ သို့သော် အင်တာနက်ရရှိနိုင်မှု့ပြန့်နှံ့လာခြင်း၊ မိုဘိုင်းဖုန်းပိုင်ဆိုင်ခြင်း တို့ဆိုသည်မှာ ၎င်းတို့၏ကြဇာသက်ရောက်မှုနှင့် ဆက်သွယ်နိုင်စွမ်းတို့ကအတိုင်းထက်အလွန်အင်အားကောင်းပြီး၊ လူမှုဒဏ်ခတ်ခြင်း နှင့် ဆိုက်ဘာအရအရှက်ရစေခြင်း တို့ကို အရေးယူနိုင်လောက်သည်အထိတရားစွဲနိုင်သည့် အလွန် အန္တရာယ်များသောတကယ့်လက်တွေ့အဖြစ်များဖန်တီးနိုင်သည်။

    ခပ်ရှင်းရှင်းပြောရလျှင် အာဏာသိမ်းအပြီးမြန်မာနိုင်ငံတွင် မည်သည့် လုပ်ရပ်ကမှန်ကန်သည်၊ မှားသည်ကို မိမိအနေနှင့် အဆုံးအဖြတ်ပေးရန်မဟုတ်ပါ။ ထိုသို့အဆုံးအဖြတ်ပေးမည့်အစားယခုအချိန်တွင် စစ်ကောင်စီသည် နေ့စဉ်လူမှုဘဝကိုအကွဲကွဲအပြားပြားဖြစ်စေသဖြင့် လူငယ်များ ရင်ဆိုင်ဖြေရှင်းနေရသည့်ဝေခွဲမရနိုင်မှုများ၊ရုန်းကန်လှုပ်ရှားနေရခြင်းများနှင့် လုပ်ဆောင်ချက်တိုင်း သို့မဟုတ် ရွေးခြယ်မှုများကိုနိုင်ငံရေးရှု့ထောင့်မှသာကြည့်နေရခြင်းများကိုရှင်းလင်းမြင်သာစေရန် မိမိမှထုတ်ဖော်ပြသခြင်းသာဖြစ်ပါသည်။  ထို့အပြင် အာဏာသိမ်းမှုသည် တိုင်းပြည်၏မတူကွဲပြားသောနေရာဒေသများနှင့် နှင့်ပြည်သူလူထုများအကြား စစ်တပ်ကိုဆန့်ကျင်သည့် ရည်ရွယ်ချက်ကြောင့် နိုင်ငံတဝှမ်းပိုမိုစည်းလုံးသွားစေသည်မှာ သေချာပေါက်မှန်ကန်သည့်အချက်ဖြစ်ပါသည်။

    သို့သော် တော်လှန်ဆန့်ကျင်နေရာမှ ဒဏ်ခတ်ခံနိုင်ရသည့်အခြေအနေသိ့ရောက်ရှိခြင်း၊ နားလည်မှုလွဲခံရမည်စိုးသဖြင့် တစ်ဦးတစ်ယောက်တည်း သီးသန့်ခွဲထွက်ခြင်း၊ သစ္စာစောင့်သိမှုကိုမေးခွန်းထုတ်ခံရခြင်း၊သို့မဟုတ် မိတ်ဆွေသူငယ်ချင်း များဆုံးရှုံးရခြင်း စသည့်  ပြည်သူအချင်းချင်းစိတ်ဝမ်းကွဲပြားစေရန် စစ်ကောင်စီက မည်သို့လုပ်ဆောင်နိုင်သည်ကိုမိမိတို့ သတိမပြတ်ရှိသင့်သည်။ လူမှုဘဝပေါင်းစည်းနေထိုင်ရေး သည် လူအများအကြား လုပ်ဆောင်ချက်အားလုံးကွက်တိတူညီရမည်ဆိုသည့်အချက်တွင် မူလအစပြုသည့်မဟုတ်ပဲ မတူကွဲပြားမှုများရှိစေကာမူတစ်ဦးနှင့်တစ်ဦးလေးစားခြင်း၊သဘောထားမတူညီမှုများကိုဆွေးနွေး ခြင်း နှင့် ပန်းတိုင်ဆီသို့ဘက်ပေါင်းစုံမှလှမ်းချီခြင်းတို့နှင့်ပိုသက်ဆိုင်ပါသည်။ တော်လှန်ရေးတွင်မတူညီသည့်အကွေ့အချိုး လမ်းကြောင်းမျိုးစုံဖြင့်လူထုကပါဝင်ကြပေလိမ့်မည်သို့သော် အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်သည့်စစ်အာဏာရှင်ဖြုတ်ချ ရေး ကဆက်လက်တူညီနေပါလိမ့်မည်။  ထိုကော်စေးကပင်တော်လှန်ရေးအပြီးသတ်အောင်မြင်သည်အထိလူထုတရပ်လုံး ကို ရက်ပေါင်းလပေါင်းသို့မဟုတ်နှစ်ပေါင်းများစွာစေးကပ်နေစေရန် ထိန်းထားပါလိမ့်မည်။

    ဆောင်းပါးတွင်ပါဝင်သောအမည်များမှာ အမည်လွှဲများဖြစ်ပါသည်။ ဆောင်းပါးကို အာဏာသိမ်းအပြီးမြန်မာနိုင်ငံတွင်နေ့စဉ်တော်လှန်ရေး၌ပါဝင်နေရသောလူငယ်များအကြောင်း စာရေးသူ၏ သုတေသနပြုချက်များအပေါ်တွင်အခြေခံထားပါသည်။

    Francesca Chiu သည် University of East Anglia နှင့် University of Copenhagen တို့တွင် urban marginality spatial politics in Myanmar ဘာသာရပ်ဆိုင်ရာပါရဂူဘွဲ့အတွက် တက်ရောက်နေသူတစ်ဦးဖြစ်ပါသည်။သူမ ၏ Twitter သို့ဝင်ရောက်ကြည့်ရှု့ရန်။ ယခုပို့စ်ကို လဘက်ရည်ဝိုင်းဘာသာပြန်အဖွဲ့မှမြန်မာဘာသာပြန်ဆိုပါသည်။